မြောက်ကိုရီးယား နိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မဝယ်ယူဖို့ ကန့်သတ်ထားတဲ့ ကုလသမဂ္ဂရဲ့ တားဖြစ်ချက်ကို ချိုးဖောက်တယ်ဆိုပြီး ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်လိုက်ပါတယ်။ မြောက်ကိုရီးယားနဲ့ အဆက်သွယ်ဖြတ်မယ်လို့ မြန်မာအစိုးရက ပြောထားပေမဲ့ တကယ်တမ်းလက်တွေ့မှာ ဆက်သွယ်မှုတွေ ရှိနေသေးတယ်လို့ အကဲခတ်တချို့က သုံးပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက လက်ခံလာနိုင်တဲ့အထိ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်တယ်လို့လည်း ဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာအစိုးရ မစ်ဇိုင်း သုသေသနနဲ့ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ၊ ကာကွယ်ရေး ဌာန ပစ္စည်းထုတ်လုပ်ရေးရုံး (DDI) ရဲ့အရာရှိချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး အပေါ် မြောက်ကိုရီးယားနဲ့ မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ ကာကွယ်ရေးဌာန ပစ္စည်းထုတ်လုပ်ရေးရုံးရဲ့ ကိုယ်စား မြောက်ကိုရီးယားထံကနေ မြန်မာ စစ်တပ်အတွက် လက်နက်တွေ ဝယ်ယူခဲ့တဲ့အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်ဖို့ အမေရိကန်ကို ကတိပေးခဲ့တာဖြစ်သလို၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လည်း ဒီနှစ်ထဲ အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့စဉ်က မြောက်ကိုရီးယားနဲ့ စစ်ရေးအရ အဆက်အဆံမရှိတော့တဲ့ အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား ထိတွေ့ဆက်ဆံမှုတွေ ရှိနေသေးတာကြောင့် ဒီဆက်ဆံရေးမှာ အဓိကကျတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ခုလို အရေးယူဒဏ်ခတ်လိုက်တာဖြစ်တယ် လို့ မြန်မာစစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောပါတယ်။
“ကျနော်တို့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကောင်းဖို့မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးက အဓိက အချက်တချက်အနေနဲ့ ပါ ပါတယ်။ ဆိုတော့ ကျနော်သိသလောက်ကတော့ အခုချိန်ထိတော့ လက်ရှိ အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ဖြတ်ပါမယ်လို့ ပြောပေမဲ့ အခုချိန်ထိ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်လက်ပြီးတော့မှ ဆက်ဆံနေတုန်းပဲလို့ ကျနော်တို့ သိရပါတယ်။ အဲဒီကိစ္စမှာ အဓိက တာဝန်ရှိတာကတော့ အခု sanction အသွင်းခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဖြစ်ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာန (ကက) စစ်ပစ္စည်းထုတ်လုပ်ရေးတပ် ညွှန်ကြားရေးမှူးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။ အဲဒီအချိန် အဲဒီအခါကတည်းက လူကြီးများရဲ့ အရေးပေးမှုကို ခံခဲ့ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။"
"ဒီ့အပြင် ၂၀၀၈ ခုနှစ် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ ခရီးစဉ် (မြောက်ကိုရီးယား) မှာလည်း ဓာတ်ပုံတွေထဲမှာကြည့်ရင်တွေ့ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းနားမှာရှိတာ ဗိုလ်ချုပ်ကြီး သိန်းဌေးပါ။ ဆိုတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ အမေရိကန် ပြည်ထောင်စုကို ကိုသိန်းဌေး ရောက်တဲ့အခါမှာ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့မှ ဆက်မလုပ်တော့ပါဘူးလို့ ရှင်းပြပေမဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကိုတော့ ဆက်လုပ်ပါရစေ ဆိုတဲ့ဟာမျိုးတွေ ပြောခဲ့တယ်လို့ ကျနော် သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အမေရိကန် အစိုးရအနေနဲ့၊ ကျနော့် အမြင်ပြောရရင်တော့ ဗိုလ်ချုပ်ကြီး သိန်းဌေး အနေနဲ့ မြောက်ကိုရီးယား နဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေမှာ အဆက်အသွယ် လုပ်နေတုန်းပဲလို့ ယူဆတဲ့အတွက်ကြောင့်မိုလို့ အခုလို sanction list ထဲကို စာရင်းထဲကိုသွင်းတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”
အခုနောက်ဆုံး အရေးယူမှုကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ငွေကြေးအရ ဆက်နွယ်ပတ်သက်မှု လွှဲပြောင်းမှုတွေ မလုပ်ဖို့ ပိတ်ပင်လိုက်ပြီး၊ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့ရင်လည်း ထုတ်သွင်းလို့မရအောင် ပိတ်ပင်ဖို့ အရေးယူလိုက်တာ ဖြစ်ပါတယ်။ မြန်မာအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ၊ DDI ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးရုံး ကိုလည်း မြောက်ကိုရီးယားနိုင်ငံကနေ စစ်ပစ္စည်းတွေ ဝယ်ယူခဲ့မှုနဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့တဲ့ စာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အခုအရေးယူမှုဟာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ အဓိက ပစ်မှတ်ထားတာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဆက်လက်ယူနေတဲ့ မြန်မာအစိုးရအပေါ် ပစ်မှတ်ထားတာ မဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။ ဒါပေမဲ့လို့ ခုလို မြန်မာအစိုးရ ထိပ်တန်းအရာရှိတယောက် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်တာဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနှောက်အယှက် ဖြစ်လာနိုင်သလို၊ မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဖြစ်အောင်လုပ်ဖို့ လိုတယ်လို့လည်း ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးမှာ အမှုထမ်းခဲ့ဖူးသူ ဦးအောင်လင်းထွဋ်က ပြောပါတယ်။
“ယခင်ကလည်း ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ မြောက် ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စကို မြန်မာ အစိုးရ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်မှာ ဗြောင်လိမ် ပြီးတော့ ငြင်းခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ကိုယ်က သံရုံးမှာရှိစဉ်က အမေရိကန်အစိုးရကိုရော၊ လွှတ်တော်အမတ်တွေကိုရော ကျနော်တို့အထက်ရဲ့အမိန့်အရ ဗြောင်ပဲ ကျနော်တို့ လိမ်ခဲ့ရဖူးပါတယ်။ အခုချိန်ထိလည်း ဒီအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ သံသယရှိပါတယ်။ ဒါကြောင့်မိုလို့ အမေရိကန်အစိုးရကို သံသယပျောက်အောင်တော့ လက်ရှိ မြန်မာအစိုးရ အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ လုပ်ပြစေချင်ပါတယ်။ ဥပမာအားဖြင့် သူတို့ပြောထားတယ်။ အနုမြူစီမံကိန်းတွေ မလုပ်ဘူးဆိုရင်လည်း မလုပ်ဘူးဆိုတဲ့အကြောင်းကို စစ်ရေးရေးအဖွဲ့ တဖွဲ့ကို ခွင့်ပြုသင့်တယ်။ အလားတူပဲ မြောက်ကိုရီးယားနဲ့ မလုပ်တော့ပါဘူးဆိုရင် လည်း မြောက်ကိုရီးယားနဲ့ မလုပ်တော့ဘူးဆိုတဲ့အကြောင်းကို၊ တခြား အထူးအထွေမရှိပါဘူး။ ကလတ စက်ရုံတွေကိုသာ စစ်ဆေးရေးအဖွဲ့တွေ စစ်ဆေးခွင့်ပြုမယ်ဆိုရင် ဒီကိစ္စက ရှင်းသွားပါလိမ့်မယ်ခင်ဗျ။”
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလကချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ အရ မြန်မာအစိုးရအနေနဲ့ မြောက်ကိုရီးယားထံက စစ်ပစ္စည်း ဝယ်ယူမှုနဲ့ တခြား အထောက်အကူတွေ ရယူခြင်းကို တားမြစ် ထားတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ စစ်သုံးပစ္စည်းတွေ မဝယ်ယူဖို့ နိုင်ငံတကာက တောင်းဆိုချက်ကို မြန်မာအစိုးရ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက လျစ်လျူရှု့ခဲ့တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးဌာနက ဒုတိယ လက်ထောက် ဝန်ကြီး တဦးဖြစ်တဲ့ David Cohen က ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလအထိ နယ်စပ်ရေးရာဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ၂၀၀၈ ခုနှစ် မြောက် ကိုရီးယားခရီးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလည်း လိုက်ပါခဲ့ပြီး၊ မြောက်ကိုရီးယားက လက်နက်စက်ရုံတွေကို သွားရောက်လေ့လာ ခဲ့တဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။