သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ အပစ်ရပ် သက်တမ်းတိုးဖို့ အမေရိကန်၊ ဆော်ဒီ ပူးတွဲတိုက်တွန်း


SUDAN-POLITICS/
SUDAN-POLITICS/

ဆူဒန်နိုင်ငံမှာ အစိုးရတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား တပတ်ကြာ အပစ်အခတ်ရပ်စဲထားတာကို မနက်ဖြန် တနင်္လာနေ့မှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် နောက်ထပ်သက်တမ်းထပ်တိုးဖို့ အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။ အပစ်အခတ် စတင်ရပ်စဲချိန်ကစပြီး ၂ ဘက်ကြား တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်နေတာကြောင့် ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာ ပြီးပြည့်စုံမှုမရှိဘူးလို့ ဒီနေ့အစောပိုင်းက ၂ နိုင်ငံပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

ဒီသဘောတူညီမှုက ပြီးပြည့်စုံမှုမရှိသည့်တိုင်အောင်၊ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးလိုက်ခြင်းအားဖြင့် ဆူဒန်ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးနိုင်အောင် လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လုပ်ကြဖို့လည်း တောင်းဆိုထားပါတယ်။

၂ ဘက်ကြား လက်ရှိအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဟာ တနင်္လာနေ့ ဒေသစံတော်ချိန် ၉ နာရီ ၄၅ မိနစ်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ကစပြီး ၂ ဘက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲကြောင့် လူတွေ ရာနဲ့ချီ သေဆုံးပြီး၊ ဒဏ်ရာရတဲ့သူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၁.၃ သန်းကျော်ဟာလည်း မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

Omdurman မြို့မှာတော့ ဒီနေ့မှာလည်း ၂ ဘက် ပစ်ခတ်တိုက်ခိုက်တာတွေ ကြိုကြားကြိကြား ဆက်ပြီးရှိနေသလို၊ စစ်တပ်ဘက်က လေယာဉ်တွေ မြို့ပေါ်မှာ ပျံနေတာကို တွေ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

XS
SM
MD
LG