သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ဗီတိုသုံးပယ်ချတဲ့ ဥပဒေကြမ်း လွှတ်တော်အတည်ပြု


၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗျနိုင်ငံကို တရားစွဲဖို့ ခွင့်ပြုတဲ့ဥပဒေမူကြမ်းကို သမ္မတ Barack Obama က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကို အမေရိကန်ကွန်ဂရက်က လက်မခံကြောင်း မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဟာ အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက သမ္မတ Obama ရဲ့ ဗီတိုအာဏာကို ပထမဆုံးအကြိမ်အဖြစ် တခဲနက် ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်က ဒီမိုကရက်တစ်ပါတီ လူနည်းစုခေါင်းဆောင် Nevada ပြည်နယ်အမတ် Harry Reid တဦးတည်းသာ သမ္မတဘက်က ရပ်တည်ခဲ့တာပါ။ အောက်လွှတ်တော်မှာတော့ ထောက်ခံမဲ ၃၄၈ မဲ ကန့်ကွက်မဲ ၇၇ မဲနဲ့ ပယ်ဖျက်ခဲ့ပါတယ်။

ဒီအတွက် ရလဒ်ကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် အတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် အဓိက အောင်ပွဲဖြစ်ပါတယ်။ သူတို့ဟာ ဆော်ဒီအာရေးဗျရဲ့ သူ့အပြစ်ဒဏ်တွေကနေ တရားဝင် ကင်းလွတ်ခွင့်ရနေတာအတွက် တရားမျှတမှု ရနိုင်ဖို့ အမေရိကန်တရားရုံးတွေမှာ ကြိုးစားနေပေမဲ့ အခုချိန်ထိ မအောင်မြင်နိုင်ဘဲ ဖြစ်နေတာပါ။

အမေရိကန်ပြည်ထောင်စု မြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ထောက်ခံပံ့ပိုးတဲ့ နိုင်ငံခြား အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို The Justice Against Sponsors of Terrorism အက်ဥပဒေအရ တရားစွဲပိုင်ခွင့် ရှိပါတယ်။ ဒီဥပဒေမူကြမ်းမှာ ဘယ်နိုင်ငံဆိုတာ မပါဝင်ပေမဲ့လည်း 9/11 အကြမ်းဖက်မှု လုပ်ဆောင်သူတွေဟာ ဆော်ဒီအာရေးဗျ နိုင်ငံထဲမှာပဲ ထောက်ခံပံ့ပိုးမှု တစုံတရာ ရနိုင်ကြောင်း အများက ရှုမြင်ကြပါတယ်။

သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဟာ သူတို့ချစ်ခင်တဲ့ သူတွေကို ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ပေမယ့် သူတို့နဲ့ ထိုက်တန်တဲ့ တရားမျှတမှုကို တရားရုံးမှာ တရက်လောက်တော့ ရသင့်တယ်လို့ Connecticut ပြည်နယ်က ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Richard Blumenthal က ပြောပါတယ်။ Obama အစိုးရအဖွဲ့ကတော့ ဒီ JASTA ဥပဒေဟာ ပြည်ပရောက် အမေရိကန် နိုင်ငံသားတွေအတွက် ထိခိုက်စေနိုင်တယ် လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG