သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းခွဲထွက်ရေး သူပုန်တွေ ပြင်ပ အထောက်အပံ့ရဟု အမေရိကန်ယူဆ


ယူကရိန်းခွဲထွက်ရေးသူပုန်တပ်သားများ လုံခြုံရေးယူထား။ (မေ ၂၉၊ ၂၀၁၄)
ယူကရိန်းခွဲထွက်ရေးသူပုန်တပ်သားများ လုံခြုံရေးယူထား။ (မေ ၂၉၊ ၂၀၁၄)
ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အစိုးရ ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်တာကို ကြည့်မယ်ဆိုရင် သူပုန်တွေက ပြင်ပကနေ လက်နက်ပစ္စည်း အထောက်အပံ့တွေ ရနေတယ် ဆိုတာ ပြတာပဲလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။ သူပုန်တွေဟာ လေယာဉ်ပစ် ပုခုံးထမ်းလောင်ချာနဲ့ ရဟတ်ယာဉ်ကို ပစ်ချခဲ့တယ်လို့ ယူကရိန်း ယာယီသမ္မတက ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က အခုလို မှတ်ချက်ပြောခဲ့တာပါ။

ရဟတ်ယာဉ်ဟာ အရှေ့ဖက်ခြမ်း Slovyansk မြို့အနီးမှာ ပျက်ကျသွားတာဖြစ်ပြီး၊ အစိုးရတပ် ဗိုလ်ချုပ်ကြီးတဦးအပါအဝင် စစ်ဖက်ဝန်ထမ်း ၁၄ ဦး သေဆုံးသွားတယ်လို့ ယာယီသမ္မတက ကြေညာခဲ့ပါတယ်။

အခုလို ယူကရိန်းမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာနဲ့အတူ၊ ရုရှားနယ်မြေကနေ ယူကရိန်းကိုဖြတ်ပြီး နိုင်ငံခြားသားတိုက်ခိုက်ရေးသမားတွေ ဝင်ရောက်နေတယ်ဆိုတဲ့ သတင်းအပေါ်မှာ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG