သုံးရလွယ်ကူစေသည့် Link များ

ထိုင်းရေထွက် သွင်းကုန်ကိစ္စ ကန်အောက်လွှတ်တော် ကြားနာ


အင်ဒိုကျွန်းတွေပေါ်က ကျွန်ပြုခိုင်းစေခံ ရေလုပ်သမားများ

ကမ္ဘာတဝှမ်း ခေတ်သစ်ကျွန်ပြုမှု ပုံစံသစ်ပေါ်ပေါက်နေပြီး ဒီအထဲမှာ အမေရိကန် ဈေးကွက်ထဲ တင်သွင်းနေတဲ့ ထိုင်းရေထွက်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ငါးဖမ်းသမားတွေပါ ပါဝင်နေတယ်လို့ မနေ့က အောက် လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ကြားနာပွဲမှာ အရင် အမေရိကန်နိုင်ငံခြားရေး ဌာန လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံတမန်ဟောင်း တဦးဖြစ်တဲ့ Freedom House လူ့အခွင့်ရေးအဖွဲ့က Mark Lagon က ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်းကနေ ကယ်တင်ခဲ့ရတဲ့ ကျွန်ပြု အခိုင်းစေခံရတဲ့ ငါးဖမ်းသမားတွေထဲက မြန်မာရေလုပ်သား ကိုလှိုင်မင်း က ရေလုပ်ငန်း မှာ သေဆုံးခဲ့ရသူ အများစုဟာ မြန်မာတွေ ဖြစ်ပြီး ထိုင်းနိုင်ငံ ထုတ် ရေထွက်ပစ္စည်းတွေကို အမေရိကန်ဈေးကွက် အတွက် မဝယ်ဖို့ ငါးဖမ်းသမား အားလုံးကိုယ်စား လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်ရေးအဖွဲ့အကြီးအကဲ Matthew Smith ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွါးတဲ့အဓိကရုန်းတွေကြောင့် အိုးအိမ်ရွှေ့ပြောင်းနေထိုင် ရသူ ရိုဟင်ဂျာ မူဆလင် သိန်းနဲ့ချီ ရှိနေကြောင်း ထွက်ဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေဟာ မကြာမကြာ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှု ဒါမှမဟုတ် လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အတင်းအဓမ္မ အခိုင်းစေခံမှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် လိုက်နာမှု မရှိတဲ့ နိုင်ငံတွေကို Tier အဆင့်သတ်မှတ်ပြီး နှစ်စဉ် ထုတ်ပြန် သတိပေးရာမှာ တရုတ်နိုင်ငံကို မနှစ်က အဆင့် ၂ မှာ တိုးမြှင့်လိုက်သလို မြန်မာ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကိုလည်း နယ်စပ်ဒေသ တလျှောက် လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အိုဘားမား အစိုးရအဖွဲ့အနေနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု ဆိုးဆိုးဝါးဝါး ကျူးလွန်နေတဲ့ ဒီနိုင်ငံတွေကို လာမယ့် ဇွန်လမှာ အစီရင်ခံစာ ထုတ်ပြန်တဲ့အခါမှာ ပြင်းပြင်းထန်ထန် အရေးယူဖို့ အောက်လွှတ်တော် နိုင်ငံတကာ လူ့အခွင့်ရေးဆိုင်ရာ ဆပ်ကော်မတီ ကနေ တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG