သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်လုံခြုံရေး လစ်ဟင်းမှုအတွက် တာဝန်ရှိအကြီးအကဲ ရာထူးကနှုတ်ထွက်


Secret Service အဆင့်မြင့်လုံခြုံရေးအဖွဲ့ အကြီးအကဲ Julia Pierson
Secret Service အဆင့်မြင့်လုံခြုံရေးအဖွဲ့ အကြီးအကဲ Julia Pierson

အမေရိကန်ပြည်ထောင်စုရဲ့ Secret Service လို့ခေါ်တဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ အကြီးအကဲ Julia Pierson ဟာ သမ္မတရဲ့ အန္တရာယ်ကို ထိခိုက်စေခဲ့တဲ့ အိမ်ဖြူတော် လုံခြုံရေး လစ်ဟာမှု အဓိကဖြစ်ရပ် နှစ်ခုကြောင့် ဗုဒ္ဓဟူးနေ့က ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

သမ္မတ Barack Obama ဟာ Julia Pierson နဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်အတွင်း အဆင့်မြင့်လုံခြုံရေးအဖွဲ့ အမှုထမ်းအဖြစ် သက်တမ်း ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ကို အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

အမေရိကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့ရဲ့ ချို့ယွင်းအားနည်းချက်တွေကို တာဝန်ယူတဲ့အနေနဲ့ Julia Pierson က အခုလို နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ Josh Earnest က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့လက အိမ်ဖြူတော်ခြံဝင်းတွင်း လုံခြုံရေးဂိတ်တွေကို ကျော်ဖြတ်ပြီး ဝင်ရောက်နိုင်ခဲ့တဲ့ အန္တရာယ်များတဲ့ ဖြစ်ရပ်နှစ်ခုပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒီသီတင်းပတ်မှာ Pierson ဟာ လွှတ်တော်မှာ လုံခြုံရေးဆိုင်ရာ ခက်ခဲတဲ့မေးခွန်းတွေကို ရင်ဆိုင်ခဲ့ရတာပါ။

စက်တာဘာလ (၁၉)ရက်နေ့က ဓားမြှောင်ကိုင်ထားတဲ့ အီရတ်စစ်ပြန်အမှုထမ်းဟောင်း Omar Gonzalez ဟာ အိမ်ဖြူတော်ခြံဝင်းကို ခုန်ကျော် လုံခြုံရေးတွေကို ရှောင်တိမ်းပြေးပြီးနောက် သမ္မတအိမ်တော်ဆောင်ထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က သမ္မတနဲ့ သူ့မိသားစုဟာ အိမ်ဝင်းအတွင်းမှာ ရှိမနေပါဘူး။ Omar Gonzalezကို သမ္မတအိမ်တွင်း အခန်းတခန်းမှာ လုံခြုံရေးတွေက ဖမ်းဆီးနိုင်ခဲ့တာပါ။

အလားတူ ဒီဖြစ်ရပ်မတိုင်ခင် ၃ ရက်အလိုကလည်း ရာဇဝတ်ကျူးလွန်မှု နောက်ကြောင်းရှိထားသူ လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးအစောင့်ဟာ သမ္မတ အိုဘားမားနဲ့အတူ ဓာတ်လှေကားထဲမှာ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG