သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည် မတိုင်ခင် အမေရိကန် စစ်စခန်းတွေ လုံခြုံရေး သတိပေးချက် တိုးမြှင့်


9/11 နှစ်ပတ်လည် မတိုင်ခင် အမေရိကန် စစ်စခန်းတွေ လုံခြုံရေး သတိပေးချက် တိုးမြှင့်
9/11 နှစ်ပတ်လည် မတိုင်ခင် အမေရိကန် စစ်စခန်းတွေ လုံခြုံရေး သတိပေးချက် တိုးမြှင့်

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ၁၀ နှစ်ပြည့်တဲ့ရက် မတိုင်ခင်မှာ အမေရိကန်ပြည်ထောင်စု အတွင်းမှာရှိတဲ့ စစ်စခန်းတွေ အထူးသတိ အနေအထားနဲ့ ရှိနေကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နယူးယောက်မြို့နဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်တို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာ လာမယ့် တနင်္ဂနွေဆိုရင် ၁၀ နှစ် ပြည့်ပါတော့မယ်။

အခုလို သတိပေးချက် ထုတ်ထားရတာက ထူးထူးခြားခြား ခြိမ်းခြောက်မှုတွေ ရှိနေလို့ မဟုတ်ပေမဲ့ ကြိုတင် သတိထားသင့်တဲ့ သဘောနဲ့ လုပ်ဆောင်ရတာလို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ချ် လစ်တဲလ် (George Little) က မနေ့က ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေ (Jay Carney) ကလည်း သတင်းထောက်တွေကို ပြောတဲ့အထဲမှာ အခုကာလအတွင်း ထူးခြားတဲ့ ခြိမ်းခြောက်မှုတွေ မရှိပေမဲ့လည်း စက်တင်ဘာ ၁၁ ရက်၊ ၁၀ နှစ်မြောက် နှစ်ပတ်လည်နဲ့ ပတ်သက်လို့ အယ်လ်ကိုင်းဒါး (Al Qaida) ဘက်က စိတ်ဝင်စားမှုရှိတာ ပြောဆိုခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ အားလုံးကို လုပ်ဆောင်ထားဖို့ ပြောဆိုထားပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေက လေယာဉ် ၄ စီးကို ပြန်ပေးဆွဲပြီး အမေရိကန် ပြည်ထောင်စုကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူ ၃,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG