အာဖရိကတိုက်မြောက်ပိုင်းမှာ အမေရိကန်တွေကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်ဖွယ်ရှိတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်က စစ္စလီကျွန်းမှာ တပ်အင်အားကို ထပ်ဖြည့်လိုက်ပါတယ်။
မရိန်းတပ်သား ၂၀၀ လောက်၊ ရဟတ်ယာဉ်လို အတက်အဆင်း လုပ်လို့ရတဲ့ လေယာဉ် ၄ စင်၊ KC 130 စစ်လေယာဉ် ၂ စင်း ကို စပိန်နိုင်ငံကနေ အီတလီနိုင်ငံ စစ္စလီကျွန်းကို ပြောင်းရွှေ့လိုက်ပါတယ်။
ဘယ်လိုခြိမ်းခြောက်မှုဆိုတာကိုတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အသေးစိတ်ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အမေရိကန်သံတမန်တွေရဲ့ လုံခြုံရေးအတွက် အဲဒီတပ်တွေကို ရွှေ့ပြောင်းလိုက်တာဖြစ်တယ်လို့တော့ သူကပြောပါတယ်။
၂၀၁၂ စက်တင်ဘာလတုန်းက အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ အမေရိကန်သံအမတ် ခရစ္စတိုဖာစတီဗင် သေဆုံးသွားခဲ့တဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာတော့ အခုတပတ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
အခုလို တပ်တွေကို နေရာရွှေ့လိုက်တာဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်သွေးကြွတွေရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ ကျောင်းသူ ၂၇၆ ယောက်နဲ့ မသက်ဆိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်ရဲ့ အဝေးထိန်းဒုံးတွေ နဲ့ ကင်းထောက်လေယာဉ်တွေကတော့ နိုင်ဂျီးရီးယားနိုင်ငံအပေါ်မှာ ပျံသန်းပြီး အဲဒီကျောင်းသူတွေကို ရှာဖွေနိုင်ဖို့အတွက်လုပ်နေပါတယ်