အမေရိကန် ဗဟိုအစိုးရအလုပ်တွေ ပြန်လည်ပတ်နိုင်ဖို့နဲ့ အမေရိကန်အစိုးရအနေနဲ့ ချေးယူနိုင်တဲ့ ငွေပမာဏ တိုးမြှင့်သတ်မှတ်ရေး ကိစ္စတွေအတွက် ညှိနှိုင်းထားတဲ့ ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်ကနေ ၈၁ မဲ ၁၈ မဲနဲ့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကိုပဲ အောက်လွှတ်တော်မှာ မကြာခင် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီညှိနှိုင်းထားချက်ကို ဒီမိုကရက် အထက်လွှတ်တော်ခေါင်းဆောင် Harry Reid ကရော Republican အထက်လွှတ်တော်ခေါင်းဆောင် Mitch McConnell ကပါ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ သူတို့နှစ်ဘက်စလုံးဟာ မတူကွဲပြားချက်တွေကို ဘေးထားပြီး၊ တိုင်းပြည်အနေနဲ့ ငွေကြေး ကပ်ဆိုးကြီး မကျရောက်စေဖို့ လုပ်ဆောင်နေကြတယ်လို့ အထက်လွှတ်တော်အမတ် Harry Reid က ပြောပါတယ်။
အဆိုပြုချက်အရဆိုရင် အစိုးရအနေနဲ့ အခု ဇန်နဝါရီလ ၁၅ ရက်အထိ အစိုးရအလုပ်တွေ လည်ပတ်နိုင်ဖို့ အသုံးစရိတ် ချပေးဖို့ဖြစ်ပြီး၊ အနည်းဆုံး ဖေဖော်ဝါရီ ၇ ရက်အထိ အစိုးရအနေနဲ့ ကြွေးမှီတွေ ပြန်ပေးနိုင်ဖို့ ချေးယူနိုင်ငံငွေပမာဏကို လုံလောက်ရုံ တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။
အောက်လွှတ်တော်ဥက္ကဌ Republican အမတ် John Boehner ကတော့ ဒီ ညှိနှိုင်းထားမှုကို အတည်ပြုပေးဖို့ အောက်လွှတ်တော်အမတ်တွေကို တိုက်တွန်းတောင်းဆိုနေပါတယ်။ အခုလို ပါတီနှစ်ရပ် သဘောတူညီထားချက်ကိုတော့ သူတို့အနေနဲ့ ပယ်ဖျက်မှာ မဟုတ်ဘူးလို့ အောက်လွှတ်တော်ဥက္ကဌရုံး ကြေညာချက်မှာ ဖော်ပြပါတယ်။
အခုလို ပါတီနှစ်ရပ်အကြား သဘောတူညီနိုင်တဲ့ ဥပဒေကြမ်းတွေ ထွက်လာတဲ့အပေါ် အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က အထက်လွှတ်တော်ခေါင်းဆောင်တွေကို ချီးကျူးပြောဆိုပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးကနေ ဒီ မူကြမ်းကို အလျှင်အမြန် အတည်ပြုပေးနိုင်မယ်လို့ သမ္မတ အိုဘားမားက မျှော်လင့်ထားတဲ့အကြောင်းလည်း ပြောသွားပါတယ်။