သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အစိုးရရှေ့နေချုပ် လွှတ်တော်အတည်ပြု


အထက်လွှတ်တော်အမတ် Jeff Sessions

အထက်လွှတ်တော်အမတ် Jeff Sessions ဟာ အမေရိကန်ရှေ့နေချုပ်အဖြစ် သမ္မတ အိမ်ဖြူတော်မှာ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ တရက်ကျော်ကြာအောင် အပြင်းအထန် ဆွေးနွေးငြင်းခုန်ခဲ့ကြပြီးတဲ့နောက် အယ်လာဘားမားပြည်နယ် ဝါရင့်အထက်လွှတ်တော်အမတ် Sessions ကို ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ ရှေ့နေချုပ်အဖြစ် ခန့်အပ်ဖို့ အတည်ပြု ပေးလိုက်တာပါ။

သူဟာ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း အဲဒီအချိန် သမ္မတလောင်း Donald Trump နဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို ဆန့်ကျင်တဲ့ မူဝါဒကို အစောဆုံးနဲ့ အခိုင်အမာ ထောက်ခံခဲ့သူတွေထဲ တဦးအပါအဝင်ပါ။

မစ္စတာ Sessions ဟာ အထက်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၂၀ လုပ်ခဲ့သူပါ။ အယ်လ်ဘားမားပြည်နယ်ရဲ့ ရှေ့နေချုပ်နဲ့ ဖယ်ဒရယ်အစိုးရ ရှေ့နေတဦးအဖြစ်လဲ လုပ်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ အဲဒီအချိန်သမ္မတ Ronald Reagan က ဖက်ဒရယ် တရားသူကြီးတနေရာအတွက် သူ့ကို အမည်စာရင်းတင်ခဲ့ပေမဲ့ အရင်က လူမျိုးရေးဘက်လိုက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက် တွေနဲ့ အထက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။

အဲဒီစွဲချက်တွေကို အင်္ဂါနေ့က အထက်လွှတ်တော်မှာ ဒီမိုကရက်အမတ် Elizabeth Warren က ထပ်ပြီးတင်ဖို့ ကြိုးစားပေမဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က ချက်ခြင်းပဲကန့်ကွက်ပြီး မစ္စစ် Warren ကို ဆက်ပြီးဆွေးနွေးခွင့်မပြုဘဲ ပိတ်ပင်ခဲ့ပါတယ်။

ကန် အစိုးရရှေ့နေချုပ် လွှတ်တော်အတည်ပြု
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG