သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Janet Yellen အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌသစ်အဖြစ် အထက်လွှတ်တော် အတည်ပြု


အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်ဖြစ်လတဲ့ ပထမဦးဆုံးအမျိုးသမီး Janet Yellen
အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌအသစ်ဖြစ်လတဲ့ ပထမဦးဆုံးအမျိုးသမီး Janet Yellen
အမေရိကန်အထက်လွှတ်တော်က Janet Yellen ကို အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌသစ်အဖြစ် မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သူဟာ ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းမှာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေအနက် တစ်ဦး ဖြစ်လာခဲ့ပါပြီ။

သူဟာ နှစ် (၁၀၀) သက်တမ်းရှိတဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ ပထမဦးဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်လာပြီး ဇန်နဝါရီလမှာ (၈) နှစ်သက်တမ်းကုန်ဆုံးမယ့် Ben Bernanke ရဲ့နေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ အနေနဲ့ ကမ္ဘာ့စီးပွားရေး ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးမှု အများအားဖြင့် ရှိတာဖြစ်ပါတယ်။

လက်ရှိဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ်ထမ်းဆောင်နေသူ (၆၇) နှစ်အရွယ် Yellen ဟာ Bernanke ရဲ့ ပေါ်လစီ အများစုကို ဆက်လက် ကျင့်သုံးသွားလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ဟောကိန်း ထုတ်ကြပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးအပေါ် ဗဟိုဘဏ်က တိုက်ရိုက် အထောက်အကူပြုပေးမှုကို တဖြည်းဖြည်း အဆုံးသတ်ပေးဖို့နဲ့ ဆက်လက်ပြီး အတိုးနှုန်းနည်းစေဖို့ နှစ်ဦးစလုံးက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အမေရိကန် စီးပွားရေးအားကောင်းလာပြီး အလုပ်အကိုင် ပိုမိုဖန်တီးနိုင်ရေးအပြင် ကာလကြာရှည် ချေးငွေ အတိုးနှုန်းနည်းစေဖို့ သူ့လက်မှတ်တွေကို ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဝယ်ယူမှုကို လျှော့ချခဲ့ပြီး ဖြစ်ပါတယ်။
XS
SM
MD
LG