သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican အမတ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ


မှတ်တမ်းဓာတ်ပုံ - ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ် အတွင်း လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတူ။
မှတ်တမ်းဓာတ်ပုံ - ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ် အတွင်း လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတူ။

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တက်တက်ကြွကြွ ဟန့်တား ဆောင်ရွက်ဖို့ အမေရိကန် ထိပ်တန်း အထက်လွှတ်တော် အမတ်၂ ဦးက ပြီးခဲ့တဲ့ အပတ်က တိုက်တွန်းခဲ့ပါတယ်။ ရီပါဘလစ်ကန် အထက်လွှတ်တော် အမတ် John McCain နဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Richard Durbin တို့က ပူးတွဲပြီး ဒီဆုံးဖြတ်ချက်ကို အဆိုပြုခဲ့ကြတာပါ။

ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ရီပါဘလစ်ကန် အထက်လွှတ်တော် အမတ် အများစုခေါင်းဆောင် Mitch McConnell က ထောက်ခံမှာ မဟုတ်ဘူးလို့ မနေ့ကပဲ ပြောလိုက်ပါတယ်။ အထက်လွှတ်တော် ရီပါလစ်ကန် ခေါင်းဆောင်တွေရဲ့အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

စစ်အာဏာရှင် လက်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ အတွက် အကြီးမားဆုံး မျှော်လင့်ချက်ပဲလို့ သူယူဆတဲ့ အကြောင်းနဲ့ သူ့အနေနဲ့ အကဲစမ်းမှုတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာ အမေရိကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ရွေးပြီးတော့ ပြောဆိုမှုဟာ အခြေအနေတွေကို ဖြေရှင်းရေးမှာ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ အထက် လွှတ်တော်အမတ် Mitch McConnell က ပြောပါတယ်။

အထက်လွှတ်တော် အမတ် John McCain တို့ ပြီးခဲ့တဲ့ အပတ်က တင်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေ ဖြစ်ကြတဲ့ Dianne Feinstein၊ Cory Booker နဲ့ Bob Menendez တို့ကလည်း ထောက်ခံခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုတွေ တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကို စတင်ခဲ့တဲ့ ARSA အစွန်းရောက် အဖွဲ့ကိုလည်း ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG