သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီအိုင်အေစစ်ကြောမှုတွေ ဖွင့်ချဖို့ ဆီးနိတ်ကော်မီတီ ဆုံးဖြတ်


CIA အစီရင်ခံစာ။
CIA အစီရင်ခံစာ။
အမေရိကန် ပြည်ထောင်စုရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကာလအတွင်း ဝေဖန်စရာတွေ အကြီးအကျယ် ဖြစ်ခဲ့ရတဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ရဲ့ စစ်ကြောမေးမြန်းမှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထဲက အရေးကြီးတဲ့ အပိုင်းတွေကို အများပြည်သူ သိရှိနိုင်အောင် လျိူ့ဝှက်အဆင့်က ပယ်ဖျက်ဖို့ အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

သမ္မတဟောင်း George W Bush လက်ထက်မှာ ပထမဆုံးအကြိမ် အများက အာရုံစိုက်လာကြတဲ့ စစ်ကြောရေး နည်းစနစ်တွေထဲမှာ ရက်စက်လွန်းတဲ့ လုပ်ရပ်တွေ ပါဝင်နေတာကို အစီရင်ခံစာထဲမှာ တွေ့ခဲ့ရကြောင်းလည်း အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌ Dianne Feinstein က ကြာသပတေးနေ့မှာပဲ ပြောဆိုခဲ့တာပါ။

လျိူ့ဝှက်အဆင့်က ပယ်ဖျက်လိုက်တဲ့ စာမျက်နှာ ၄၈၀ ထဲက အကျဉ်းချုပ် သုံးသပ်ချက်မှာတော့ ရေမွန်းအောင်၊ အိပ်ရေးပျက်အောင် လုပ်တဲ့နည်းတွေ အပါအဝင် ပြင်းထန်တဲ့ စစ်ကြောရေး နည်းတွေနဲ့ ပတ်သက်လို့ CIA ဟာ အစိုးရတာဝန်ရှိသူတွေကို သတင်းမှားတွေ ထပ်တလဲလဲ ပေးခဲ့တယ် လို့လည်း ဖော်ပြခဲ့ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်မှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အကြမ်းဖက်မှု ကျူ းလွန်သူတွေအဖြစ် သံသယရှိသူတွေကို ဒီလိုပြင်းထန်တဲ့ နည်းတွေသုံးပြီး စစ်ဆေးရာမှာ ထိရောက်တဲ့ ရလဒ် ကြီးကြီးမားမား မရှိဘူးလို့လည်း ပြောပါတယ်။ အစီရင်ခံစာကိုတော့ သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ဒီမိုကရက် ပါတီဝင်တွေက ပြုစုခဲ့တာဖြစ်ပြီး၊ အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီထဲက အတိုက်အခံ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ၃ ဦးက ကန့်ကွက်ခဲ့ပေမဲ့ ၁၁ မဲ ၃ မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။
XS
SM
MD
LG