သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တနေရာ ထပ်အနိုင်ရ


Sen. Mark Kelly, D-Ariz., waves to supporters during an election night event in Tucson, Ariz., Nov. 8, 2022.
Sen. Mark Kelly, D-Ariz., waves to supporters during an election night event in Tucson, Ariz., Nov. 8, 2022.

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ သောကြာနေ့အထိ မဲရလာဒ်တွေအရ Arizona ပြည်နယ်မှာ Democratic ပါတီက ဝင်အရွေးခံတဲ့ အထက်လွှတ်တော်အမတ် Mark Kelly က အနိုင်ရသွားပါတယ်။

ဒါကြောင့် အထက်လွှတ်တော်မှာ Democratic ပါတီနဲ့ Republican ပါတီအမတ်နေရာ ၄၉ နေရာစီရနေပြီး သမ္မတရဲ့ Democratic ပါတီ အများစုဖြစ်ဖို့ ၁ မဲသာ လိုတော့ပါတယ်။ မဲဆက်လက်နေရတွက်နေတဲ့ Nevada ပြည်နယ်မှာတော့ ဒီမိုကရက်အထက်လွှတ်တော်အမတ် Catherine Cortez Masto က Republican အမတ်လောင်း Adam Laxalt ကို လောလောဆယ်အထိ ကပ်ပြီး မဲအသာရနေတယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက သောကြာနေ့ နှောင်းပိုင်းကပြောပါတယ်။

တကယ်လို့သာ Catherine Cortez Masto အနိုင်ရခဲ့မယ်ဆိုရင် အထက်လွှတ်တော်မှာ ဒီမိုကရက်တွေက အမတ်နေရာ အများစုအဖြစ် ဆက်လက်ထိန်းထားမှာ ဖြစ်ပါတယ်။ Georgia ပြည်နယ်မှာတော့ အထက်လွှတ်တော်အမတ်နေရာအတွက် ပြိုင်ဆိုင်နေတဲ့ အမတ်လောင်းတွေကြား မဲအပြတ်အသတ် မဖြစ်တဲ့အတွက် ဒုတိယအကျော့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၆ ရက်မှာ ပြန်ပြီးကျင်းပမှာပါ။

အမတ်နေရာ စုစုပေါင်း ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာ မဲတူနေရင် ဒုသမ္မတက အာဏာရပါတီဘက်က မဲပေးနိုင်တာမို့ Nevada ပြည်နယ်မဲသာနိုင်ခဲ့ရင် Democratic ပါတီက အများစုဖြစ်ဖို့ Georgia ပြည်နယ်မဲကို စောင့်စရာလိုမှာ မဟုတ်တော့ပါဘူး။ အောက်လွှတ်တော်မှာတော့ လက်ရှိအချိန်အထိ အတိုက်အခံ Republican ပါတီက အသာစီးရနေပါတယ်။ အောက်လွှတ်တော်အမတ်နေရာအတွက် အမေရိကန်အနောက်ခြမ်းပြည်နယ်တချို့က ကြိုတင်မဲတွေ ဆက်လက်ရေတွက်နေဆဲ ဖြစ်ပါတယ်။

=== Unicode ====





XS
SM
MD
LG