သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် NLD ရပ်တည်ချက် အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦး ထောက်ခံ


ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် NLD ရပ်တည်ချက် အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦး ထောက်ခံ
ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် NLD ရပ်တည်ချက် အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦး ထောက်ခံ

အမေရိကန် အထက်လွှတ်တော်အမတ် ၄ ယောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပိတ်ဆို့အရေးယူရေး ရပ်တည်ချက် စာတမ်းကို ထောက်ခံတဲ့အကြောင်း ကြေညာလိုက်ကြပါတယ်။

အစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဖြစ်ဖြစ်မြောက်မြောက် လုပ်တဲ့တိုင်အောင် ဆက်လက် ပိတ်ဆို့ အရေးယူထားဖို့ သဘောတူတဲ့အကြောင်း မတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဆီပို့တဲ့ ပေးစာထဲမှာ သူတို့က အခုလို ပြောလိုက်ကြတာပါ။

အထက်လွှတ်တော်အမတ် ၄ ယောက်ကတော့ ဒိုင်ယန်း ဖိုင်းစတိန်း (Diane Feinstein)၊ မစ်ချ် မက်ကောနဲလ် (Mitch Connell)၊ ဘာဘရာ ဘောက်စာ (Barbara Boxer) နဲ့ မာ့ခ် ကာ့ခ် (Mark Kirk) တို့ ဖြစ်ကြပါတယ်။

ပိတ်ဆို့ အရေးယူတာ ပိုပြီး ထိရောက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တယောက်ကို အမြန် ခန့်ထားဖို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို သူတို့က တိုက်တွန်းလိုက်ကြပါတယ်။

XS
SM
MD
LG