သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ကန် တပ်ဖွဲ့ဝင်တွေ စေလွှတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ- Bishkek သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ- Bishkek သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ်။

ISIL အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းရာမှာ ကူညီဖို့အတွက် အမေရိကန် စစ်သားတွေဟာ မကြာခင် ဆီးရီးယားကို ထွက်ခွာသွားကြတော့မှာ ဖြစ်ပါတယ်။

ဆီးရီးယားမှာဖြစ်နေတဲ့ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့ ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေနဲ့အတူ အမေရိကန်က သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ အခြေခံလုပ်ငန်းစဉ်တွေ ချမှတ်နေစဉ် သောကြာနေ့မှာပဲ အခုလို အရေးပါတဲ့ ပဏာမခြေလှမ်းတွေ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံကြား စကားပြောဆိုဆွေးနွေးရာမှာ ကုလသမဂ္ဂက ဦးဆောင်ပါဝင်တဲ့ ညှှိနှိုင်းရေး လုပ်ငန်းစဉ်တရပ်ကို လုပ်သွားဖို့ဆိုတဲ့ သဘောတူညီချက်ရခဲ့ပါတယ်။

အသစ်ပြန်လည်ချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့အညီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကို သတ်မှတ်ရက်အတိအကျနဲ့ အကော်အထည်ဖော် လုပ်ဆောင်နိုင်ဖို့အတွက် ကုလသမဂ္ဂအနေနဲ့ ဦးဆောင်ပါဝင်ဖို့ အတူတကွ သဘောတူခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကပြောပါတယ်။

ကျန်သဘောမတူသေးတဲ့ ကိစ္စရတွေနဲ့ သဘောတူညီထားပြီးသားကိစ္စတွေကို ဆက်ပြီးတော့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ ရှေ့လာမယ့် နှစ်ပတ်အတွင်းမှာ ပြန်လည် စတင် ဆွေးနွေးသွားကြမှာဖြစ်တယ်လို့လည်း ဝန်ကြီး Kerry က ပြောပါတယ်။

XS
SM
MD
LG