သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး ကန် အထူးတပ်ဖွဲ့ စေလွှတ်


IS အကြမ်းဖက်အဖွဲ့ကို အရှိန်မြှင့်ပြီး ချေမှုန်းဖို့ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန် အထူးတပ်ဖွဲ့တခု ကို စေလွှတ်ဖို့ရှိနေ။
IS အကြမ်းဖက်အဖွဲ့ကို အရှိန်မြှင့်ပြီး ချေမှုန်းဖို့ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန် အထူးတပ်ဖွဲ့တခု ကို စေလွှတ်ဖို့ရှိနေ။

IS အကြမ်းဖက်အဖွဲ့ကို အရှိန်မြှင့်ပြီး ချေမှုန်းဖို့ ကြိုးပမ်းနေပြီး ဒီအဖွဲ့ရဲ့ အဓိကအရေးပါတဲ့စနစ်တွေကို ဖျက်ဆီးပစ်ဖို့ရည်ရွယ်ချက် နဲ့ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန် အထူးတပ်ဖွဲ့တခု လုပ်ငန်းစတင်ဖို့ရှိပါတယ်။

တပ်ဖွဲ့သစ်စေလွှတ်မယ့်ကိစ္စကို လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ အောက်လွှတ်တော် ကော်မတီမှာ အင်္ဂါနေ့ကလုပ်တဲ့ ကြားနာပွဲ အတွင်း ကာကွယ်ရေးဝန်ကြီး Ash Carter က ကြေညာသွားတာပါ။ IS အဖွဲ့ရဲ့ အဆင့်တိုင်းကို အပြင်းအထန် တိုက်ခိုက်သွားမယ် လို့ ကာကွယ်ရေးဝန်ကြီးက အခိုင်အမာပြောပါတယ်။

ပြည်ပက ပစ်မှတ်တွေကို တိုက်ခိုက်မယ့် အထူးတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် ၂၀၀ လောက်ပါဝင်ပြီး လာမယ့်သီတင်းပတ်တွေအတွင်း အီရတ်မှာ ချထားမယ်လို့ အစီအစဉ်နဲ့နီးစပ်တဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

IS အဖွဲ့ကိုတိုက်ခိုက်နေတဲ့ အတိုက်အခံအုပ်စုတွေကို ကူညီပံ့ပိုးရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ၅၀ လောက်ကိုလွှတ်ဖို့ အောက်တိုဘာလက ကြေညာထားတဲ့ အစီအစဉ်ပေါ်မှာ မူတည်ပြီး အခု အထူးတပ်ဖွဲ့တွေ့လွှတ်ဖို့ကိစ္စကို လုပ်တာပါ။ အဲဒီတပ်ဖွဲ့ တွေ စစ်ဆင်ရေးစတင်ဖို့ ပြင်ဆင်နေတုန်းပဲရှိပေမဲ့ နောက်တဆင့်လုပ်ဖို့ အချိန်ကျပြီလို့ အမေရိကန် တာဝန်ရှိသူတွေကပြောပါ တယ်။

အထူးတပ်ဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ အချိန်တိုအတွင်းရလာတဲ့ ထောက်လှမ်းရေးအချက်အလက်ပေါ် အခြေခံပြီး အီရတ်နဲ့ ဆီးရီး ယားက IS အဖွဲ့ရဲ့ အဓိကခေါင်းဆောင်ပိုင်း၊ အမိန့်ပေးထိန်းချုပ်တဲ့အပိုင်းတွေကို ချေမှုန်းဖို့ဖြစ်တယ်လို့ အမည်မဖော်တဲ့ အမေရိကန်တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG