သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ အေးခဲမှုကြောင့် ၅၅ ယောက်ထက်မနည်းသေဆုံး


US-WEATHER-STORM
US-WEATHER-STORM

အမေရိကန်ပြည်ထောင်စု ဒေသတော်တော်များများမှာ အေးခဲတဲ့နှင်းမုန်တိုင်းဒဏ်ခံနေရပြီး ဆိုးဝါးတဲ့ရာသီဥတုကြောင့် သေဆုံးသူ ၅၅ ယောက် ထက်မနည်း ရှိနေပါပြီ။ ဆိုးဝါးတဲ့ရာသီဥတုကြောင့် Tennessee၊ Pennsylvania၊ Kentucky၊ Oregon၊ Illinois၊ Kansas၊ New Hampshire, New York, Wisconsin နဲ့ Washington ပြည်နယ်တွေမှာ သေဆုံးမှုတွေရှိတယ်လို့ သက်ဆိုင်ရာပြည်နယ် သတင်းတွေမှာ ဖော်ပြကြပါတယ်။

ရေခဲအမှတ်အောက်အေးတဲ့ ရာသီဥတုမှာ နှင်းမုန်တိုင်းနဲ့ ရေခဲနေတဲ့လမ်းတွေကြောင့် လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုတွေဖြစ်ပွားခဲ့သလို ဓါတ်အားလိုင်းတွေ ပြတ်တောက်ပြီး၊ နေအိမ် ထောင်နဲ့ချီ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ သောကြာနေ့တရက်ထဲ လေယာဉ်ခရီးစဉ်ပေါင်း ၁ ထောင်ကျော် ဖျက်ခဲ့ရပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်အပါအဝင် အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပြည်နယ်တော်တော်များများမှာ သောကြာနေ့က ကျောင်းတွေပိတ်ထားခဲ့ရပါတယ်။ အန္တရာယ်ရှိတဲ့ မိုးလေဝသ သတိ‌ပေးချက်တွေကိုလည်း ပြည်နယ်တော်တော်များများမှာ ဆက်ပြီးထုတ်ပြန်ထားပါတယ်။

အလယ်ပိုင်းဒေသပြည်နယ်တွေမှာ အနှုတ် ၃၀ ဒီဂရီဖာရင်ဟိုက်အထိ အေးနိုင်ပြီး၊ အနောက်မြောက်ပိုင်းက Montana၊ မြောက် Dakota၊ တောင် Dakota ပြည်နယ်တွေမှာတော့ အနှုတ် ၅၀ ဒီဂရီဖာရင်ဟိုက်အထိ အေးခဲနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

အခုသီတင်းပတ်ထဲ အရှေ့ မြောက်ပိုင်းက Buffalo မြို့မှာ ရက်ဆက်ကျတဲ့ နှင်းမုန်တိုင်းကြောင့် ၂ မီတာလောက် နှင်းထုရှိခဲ့တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ ဆောင်းရာသီအအေးဒဏ် သိပ်ခံရလေ့ မရှိတဲ့ အမေရိကန်တောင်ပိုင်း ပြည်နယ်တွေမှာလည်း အေးခဲတဲ့ မိုးလေဝသအခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

XS
SM
MD
LG