သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး


သမ္မတအိမ်ဖြူတော်မှာ စာသင်ကျောင်းသေနတ် ပစ်ခတ်မှုကြောင့် ကလေးတွေ သေဆုံးခဲ့ရလို့ အမေရိကန်သမ္မတ အိုဘားမား မျက်ရည်ကျနေစဉ်။
သမ္မတအိမ်ဖြူတော်မှာ စာသင်ကျောင်းသေနတ် ပစ်ခတ်မှုကြောင့် ကလေးတွေ သေဆုံးခဲ့ရလို့ အမေရိကန်သမ္မတ အိုဘားမား မျက်ရည်ကျနေစဉ်။
အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ သေနတ်သမားတဦးက စာသင်ကျောင်းတခုကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေဆုံးခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး ကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန်သမ္မတအိုဘားမားက မျက်ရည်လည်ရွဲ နဲ့ အမေရိကန်ပြည်သူလူထုကို သောကြာနေ့ကပြောလိုက်ပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း သေနတ်သမားလည်း သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ် အပေါ်မှာ တနိုင်ငံလုံး ဝမ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အပါအဝင် အစိုးရအဆောက်အအုံတွေကို အလံတိုင်ဝက်လွှင့်ထူခဲ့ပြီးတဲ့နောက် ၊ သမ္မတအိုဘားမားက ပြောကြားလိုက်တာဖြစ်ပါတယ်။ နယူးယောက်မြို့မြောက်ဘက် မိုင် ၁၀၀ လောက်မှာရှိတဲ့ Newtown မြို့ မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ နာရီပိုင်းအကြားမှာ သမ္မတအိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေထဲက အများစုဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြားမှာရှိတဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ ဒီကလေးငယ်တွေမှာ အနာဂတ် ကြီးကြီးမားမားရှိနေတာပါဆိုပြီး သမ္မတအိုဘားမားက ပြောပါတယ်။ မနေ့နေ့လည်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့နေရာတခုလုံး လုံလုံခြုံခြုံရှိသွားပါပြီလို့ Connecticutပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မနေ့ မနက်ပို်င်း ၉ နာရီခွဲအကျော်မှာပဲ ၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေကို ရဲဘက်က စသိခဲ့တယ်လို့ ပြောပါတယ်။ သိသိချင်းပဲ ရဲတပ်ဖွဲ့က အဲဒီနေရာကို သွားပြီး ကျောင်းတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ကေလေးငယ် ၁၈ ဦးနဲ့ လူသတ်သမားအပါအဝင် လူကြီး ၆ ဦးကို ကျောင်းတွင်းက အခန်း ၂ ခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ နောက်ကလေးငယ် ၂ ဦးကတော့ ဒဏ်ရာနဲ့ ပဲ ဆေးရုံမှာ သေဆုံးသွားပါတယ်။
XS
SM
MD
LG