သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရတစိတ်တပိုင်းပိတ်မှု ပြည်ပသံရုံးလုပ်ငန်းတွေမထိခိုက်


အမေရိကန်အစိုးရလုပ်ငန်းတချို့ ပိတ်ထားရတာ သီတင်း ၃ ပတ်ထဲ ရောက်လာတဲ့အချိန်မှာ အစိုးရရုံးတွေ ပိတ်ထားရမှုနဲ့ အစိုးရလုပ်ငန်းတွေ လစာမဲ့ အလုပ်နားနေရတာက အစိုးရဝန်ဆောင်မှုတွေအပေါ် များစွာ ထိခိုက်လာနေပါပြီ။ ဒါပေမယ့် အစိုးရ ပြည်သူ့ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှု သိပ်မရှိဘူးလို့ ပြည်ပက အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေက ပြောနေကြပါတယ်။

အစိုးရလုပ်ငန်းတချို့ ရပ်နားထားရတဲ့အချိန်မှာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ ပြည်ပရောက် အမေရိကန်နိုင်ငံသားတွေကို ကာကွယ်ဖို့ ဦးစားပေးဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။ ပြည်တွင်း ပြည်ပက ဗီဇာနဲ့ ပတ်စပို့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အသုံးစရိတ်လုံလုံလောက်လောက်ရှိသေးတဲ့အတွက် ကောင်စစ်ဝန်ရုံးလုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်း VOA ကို ပြောပြပါတယ်။

ပုံမှန်လုပ်ငန်းတွေနဲ့ အမေရိကန်နိုင်ငံသားတွေအတွက် အရေးပေါ်လုပ်ငန်းစဉ်တွေကို ဆက်ပြီး သံရုံးတွေက ပုံမှန်အတိုင်း ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း VOA ကို ပြောပါတယ်။ အမေရိကန်စင်တာနဲ့ EducationUSA လို ရုံးတွေကတော့ ခေတ္တပိတ်ထားမှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG