သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တောင်ကိုရီးယား ရေတပ်စစ်ရေးလေ့ကျင့်မှု စတင်


အမေရိကန် တောင်ကိုရီးယား နှစ်နိုင်ငံ စစ်ရေး ပူးတွဲလေ့ကျင့်
အမေရိကန် တောင်ကိုရီးယား နှစ်နိုင်ငံ စစ်ရေး ပူးတွဲလေ့ကျင့်
အရှေ့ပိုင်း တောင်ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ရေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှု ဒီကနေ့ စတင်လိုက်ပါပြီ။

ပိုဟန် (Pohang) မြို့အလွန် အရှေ့ပင်လယ်ပြင်မှာ လုပ်တဲ့ နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု ကာလဟာ သုံးရက်ကြာမှာဖြစ်ပြီး၊ လေ့ကျင့်ရေး၊ ရန်သူ ရေငုပ်သင်္ဘောနောက်ကို နောက်ယောင်ခံ လိုက်ကြည့်တဲ့ လေ့ကျင့်ခန်း၊ လေယာဉ်ပစ်နဲ့ စစ်သင်္ဘောပစ် လက်နက်စမ်းသပ် ပစ်ခတ်မှုအပြင် မစ်ဇိုင်းဒုံးကျည် ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားရေတပ်က စစ်သင်္ဘော ၁၀ စီးအပြင် အမေရိကန်ရေတပ်က နျူကလီးယား ရေငုပ် သင်္ဘော USS San Francisco၊ မစ်ဇိုင်းဒုံးကျည်ပစ် စစ်သင်္ဘော USS Shiloh တို့လည်း ပါဝင်ပါတယ်။

ဒီဇင်ဘာလအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူမှုတွေကို တိုးမြှင့်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယား က နျူကလီးယား စမ်းသပ်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေတဲ့အချိန်မှာ အမေရိကန် နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ကင် စန် ဝမ် (Kim Sung-Nwan) တို့ နှစ်ဦး တနင်္ဂနွေနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောရာ မှာ မြောက်ကိုရီးယား က တတိယအကြိမ် နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ရင် မိမိတို့ဘက်က ပြတ်သား တဲ့ သဘောထားနဲ့ တုံ့ပြန်ဖို့ သဘောတူခဲ့ကြပါတယ်။
XS
SM
MD
LG