သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာပြည်နယ် သံချပ်ကာကား မတော်တဆမှု ကန်စစ်သား ၃ ဦး သေဆုံး


ဂျော်ဂျီယာပြည်နယ် Fort Setwart အခြေစိုက် သံချပ်ကာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့။ (ဇူလိုင် ၃၊ ၂၀၁၉)
ဂျော်ဂျီယာပြည်နယ် Fort Setwart အခြေစိုက် သံချပ်ကာတပ်ရင်းမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့။ (ဇူလိုင် ၃၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ အမေရိကန်စစ်သည်တွေ လိုက်ပါလာတဲ့ သံချပ်ကာကားနဲ့ မတော်တဆမှုအတွင်း စစ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း အမေရိကန်စစ်တပ်က ကြေညာချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

ဂျော်ဂျီယာပြည်နယ် Fort Stewart က စစ်ဘက်လေ့ကျင့်မှု တခုအတွင်း မတော်တဆမှု ဖြစ်ခဲ့ပေမယ့် မတော်တဆမှု အသေးစိတ်ကိုတော့ စစ်တပ်ဘက်က မထုတ်ပြန်ပါဘူး။

စစ်သား ၆ ဦး ပါဝင်ပြီး ၃ ဦးကတော့ နေရာမှာတင် သေဆုံးသွားကြောင်း၊ ကျန်တဲ့ ၃ ဦးကိုတော့ Winn Army Community ဆေးရုံမှာ ကုသပေးနေကြောင်း စစ်တပ် ကြေညာချက်မှာ ဖော်ပြပါတယ်။

အမှတ် ၃ ခြေလျင်တပ်ခွဲရဲ့ တပ်မှူး ဗိုလ်ချုပ် Tony Aguto ကတော့ စိတ်နှလုံးကြေကွဲဖွယ်နေ့လို့ ပြောဆိုပါတယ်။ Bradley တိုက်ခိုက်ရေး သံချပ်ကာကားနဲ့ လိုက်ပါလာတဲ့ ဒီစစ်သည် ၆ ဦးကတော့ 1st Armored Brigade တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

------------------------------------

(Unicode)






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG