သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲခံ အမေရိကန် နိုင်ငံသား ၄ ဦးကို ဆိုမာလီ ပင်လယ်ဓားပြတွေ ပစ်သတ်


ပြန်ပေးဆွဲခံ အမေရိကန် နိုင်ငံသား ၄ ဦးကို ဆိုမာလီ ပင်လယ်ဓားပြတွေ ပစ်သတ်
ပြန်ပေးဆွဲခံ အမေရိကန် နိုင်ငံသား ၄ ဦးကို ဆိုမာလီ ပင်လယ်ဓားပြတွေ ပစ်သတ်

ဆိုမာလီယာ ကမ်းရိုးတန်း တနေရာမှာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ ရွက်လှေတစီးမှာ ပါဝင်သူ အမေရိကန် နိုင်ငံသား ၄ ဦးလုံး အသတ်ခံခဲ့ရတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ဓားစာခံတွေ ပြန်လွတ်မြောက်ရေး ဆိုမာလီ ပြန်ပေးဆွဲသမားတွေနဲ့ အမေရိကန် ရေတပ်က ညှိနှိုင်းနေတုန်း ဘာမှ အချက်မပေးဘဲ အမေရိကန် စစ်သင်္ဘောကို ပင်လယ်ဓားပြတွေက RPG ဒုံးကျည်နဲ့ စပစ်ခဲ့တယ်လို့ အမေရိကန် ရေတပ် ဒု-ဗိုလ်ချုပ်ကြီး မာ့ခ် ဖောက်စ် (Mark Fox) က သတင်းသမားတွေကို ပြောပါတယ်။ အဲဒီဒုံးကျည်က သင်္ဘောကိုပစ်တာ လွဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွက်လှေပေါ်က သေနတ်ပစ်သံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် အထူးတပ်သားတွေ ပြန်ပေးဆွဲထားတဲ့ ရွက်လှေပေါ်ကို ရောက်တဲ့အခါမှာ ဓားစားခံတွေ ၄ ဦးလုံး သေနတ်နဲ့ အပစ်ခံထားရတာကို တွေ့ခဲ့ရပါတယ်။ ဆေးတပ်သားတွေက ချက်ချင်း ကုသကြပေမဲ့လည်း ဒဏ်ရာတွေကြောင့် အားလုံး သေဆုံးခဲ့ကြရပါတယ်။

ရွက်လှေကို ဝင်စီးနင်းခဲ့တဲ့ အမေရိကန် တပ်သားတွေနဲ့ ပင်လယ်ဓားပြတွေ အပြန်အလှန် ပစ်ခတ်ကြပြီး ပင်လယ်ဓားပြ ၂ ဦး သေဆုံးခဲ့ပါတယ်။ ၁၅ ဦး အရှင်ဖမ်းမိပါတယ်။ နောက်ထပ် ပင်လယ်ဓားပြ ၂ ဦးလည်း သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဆိုမာလီယာ ကမ်းရိုးတမ်းဘက်ကို မောင်းနှင်လာခဲ့တဲ့ ရွက်လှေကို ပင်လယ်ဓားပြ တွေက ပြန်ပေးဆွဲခဲ့တာပါ။ အမေရိကန် ရေတပ်သင်္ဘော ၄ စီးကလည်း နောက်ယောင်ခံ လိုက်ခဲ့ကြတာပါ။

XS
SM
MD
LG