သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ကန်နဲ့ တောင်ကိုရီးယား ရှုတ်ချ


မြောက်ကိုရီးယားမှာကျင်းပတဲ့ တောင်ကိုရီးယားနဲ့ စစ်ရပ်စဲရေးစာချုပ်နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ missile ဒုံးကျည်တွေကို တွေ့ရစဉ်။
မြောက်ကိုရီးယားမှာကျင်းပတဲ့ တောင်ကိုရီးယားနဲ့ စစ်ရပ်စဲရေးစာချုပ်နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ missile ဒုံးကျည်တွေကို တွေ့ရစဉ်။
မြောက်ကိုရီးယားနိုင်ငံဟာ တနင်္လာနေ့က နောက်ထပ် ဒုံးကျည်နှစ်စင်း ပစ်လွှတ် စမ်းသပ်ခဲ့တယ်လို့ဆိုပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အဲဒီလို ပစ်လွှတ်စမ်းသပ်တာဟာ ကုလသမဂ္ဂဆုံးဖြတ်ချက် အများအပြားကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဂျန် ဆာကီး (Jen Psaki) က တနင်္လာနေ့မှာပြောပါတယ်။

Scud ဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည်တွေဟာ မိုင် ၃၁၀ ကျော်လောက် သွားပြီးတဲ့နောက် ဂျပန်ပင်လယ်ထဲကို ကျသွားခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Kim Min-seok က ပြောပါတယ်။

အခုနောက်ဆုံး ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ဘာမှမပြောသေးပါဘူး။ အမေရိကန်နဲ့ တောင်ကိုရီးယားအကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီး လုပ်နေချိန်မှာပဲ အခုလို ဒုံးကျည်ပစ်လွှတ် စမ်းသပ်တာပါ။ စစ်ရေးလေ့ကျင့်မှုကို လက်မခံနိုင်တဲ့ ရန်စမှုအဖြစ် မြောက်ကိုရီးယားက မြင်ပါတယ်။
XS
SM
MD
LG