သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တောင်ကိုရီးယား-ကန် ပူးတွဲစစ်လေ့ကျင့်မှု ရပ်ဆိုင်း


ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ Dana White

မြောက်ကိုရီးယားနဲ့ လက်ရှိ သံတမန် ဆက်ဆံရေးအနေအထားကြောင့် တောင်ကိုရီးယားနဲ့ အမေရိ ကန် နှစ်နိုင်ငံပူးတွဲပြီး နောက်ထပ် အဓိကစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို ရပ်ဆိုင်း ထား လိုက်ပြီ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

သံတမန်ရေးအရ ဆက်လက်ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းမှန်သမျှ ပေးနိုင်ဖို့ Vigilant Ace လို့ အမည်ပေးထားတဲ့ နှစ်နိုင်ငံ လေကြောင်း စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ရော၊ တောင်ကိုရီးယား ဘက်ကပါ သဘောတူ ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့် အကြီးအကဲ Dana White က ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis နဲ့အတူ တောင်ကိုရီးယားနဲ့ ဂျပန် ကာကွယ်ရေး ၀န်ကြီးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီး သုံးဦးဟာ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်နေကြတာဖြစ်ပြီး စည်းဝေးပြင်ပ သီးခြားတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့နှစ်အတွင်း မြောက်ကိုရီးယားအနေနဲ့ သူရဲ့ နျူကလီယား လက်နက်အစီအစဉ် ရုပ်သိမ်းရေး သေချာအောင် အမေရိကန်ဘက်က ဆွဲဆောင် စည်းရုံးနေချိန်ဖြစ်တဲ့အတွက် ကိုရီးယား ကျွန်း ဆွယ်မှာ လေကြောင်း စစ်ရေးလေ့ကျင့်မှု အများအပြားကို ဖျက်သိမ်းဖို့ အမေရိကန်စစ်တပ်ဘက်က ဆုံးဖြတ်ခဲ့တာပါ။

ပထမ တကြိမ် Foal Eagle လို့အမည်ပေးထားတဲ့ နှစ်နိုင်ငံစစ်ရေးပူးတွဲလေ့ကျင့်မှု ကြီးကြီးမားမား ပြုလုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ချိန်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်နဲ့ တိုက်ဆိုင်နေလို့ဖြစ်ပါတယ်။ နောက် ဒုတိယအကြိမ် သြဂုတ်လမှာ ပြုလုပ်မယ့် Ulchi-Freedom Gurdian လို့ခေါ်တဲ့ စစ်ရေးအရကြီးမားတဲ့ နှစ်နိုင်ငံ ပူးတွဲလေ့ကျင့်မှု အစီစဉ် ကိုတော့ ဇွန်လမှာ ကျင်းပခဲ့တဲ့ အမေရိကန်-မြောက်ကိုရိးယား ခေါင်းဆောင်နှစ်ဦး ထိပ်သီး ဆွေးနွေးပွဲကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက် ထပ်ပြီး စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို တတိယအကြိမ်မြောက် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG