သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ကိုးရီးယား စစ်ရေးလေ့ကျင့်မှု ပြုံယမ်း လက်ဦးအောင်တုံ့ပြန်ဖို့ ခြိမ်းခြောက်


အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့တွေ မတ်လ ၇ ရက်နေ့က စစ်ရေးလေ့ကျင့်နေစဉ်။
အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့တွေ မတ်လ ၇ ရက်နေ့က စစ်ရေးလေ့ကျင့်နေစဉ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စတင်ကျင်းပချိန်မှာ မြောက်ကိုရီယားဘက်က လက်ဦးမှု ရယူပြီး နျူကလီယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

နှစ်ခြမ်းကွဲနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု တိုးနေချိန် အခုလို စစ်ရေးလေ့ကျင့်မှုတွေကို ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အခြေအနေဟာ အထူးသဖြင့် တင်းမာနေပါတယ်။ မြောက်ကိုရီးယားက မကြာသေးခင်က နျူကလီးယားလက်နက်စမ်းသပ်မှုနဲ့ တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ခဲမှုအတွက် ကုလသမဂ္ဂက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ဆက်နွယ်မှုရှိနေတဲ့ ကုန်တင်သဘောၤတစ်စင်းကို ဖမ်းဆီးလိုက်ခြင်း အားဖြင့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖိလစ်ပိုင်နိုင်ငံက စတင်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

Key Resolve အဓိကပြဿနာဖြေရှင်းနိုင်ရေးနဲ့ Foal Eagle - သိန်းငှက်ငယ် - လို့ အမည်ပေးထားတဲ့ ဒီနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်သားပေါင်း ၁၇,၀၀၀ ထောင်ပါဝင်ပြီး မနှစ်ကထက် ၄ ဆ ပိုများပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားစစ်သည် သုံးသိန်းပါဝင်ကာ အမေရိကန် ရဟတ်ယာဉ်တွေအပြင် နျူကလီယားအင်အားသုံး USS North Carolina ရေငုပ်သဘောၤနဲ့ နျူကလီးယားအင်အားသုံး USS John C. Stennis ခေါ် လေယာဉ်တင်သင်္ဘောတို့လည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြပါတယ်။

မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်က အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် တရားသောစစ် ဆင်နွဲဖို့ အဆင်သင့်ရှိတယ်လို့ တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

XS
SM
MD
LG