သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.
Pen Duick ocean racing yachts sail off the coast of Saint-Quay-Portrieux, western France during a trip at sea from Roscoff to Saint-Quay-Portrieux.

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပျက်ပြယ်နိုင်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက သတိပေးနေတဲ့ ကြားကပဲ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်ရဲ့ နှစ်ပတ်လည် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီနေ့ စတင်လိုက်ပါတယ်။ နှစ်နိုင်ငံ ပူးတွဲတပ်ဖွဲ့တွေက ဒီစစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားကို တိုက်ခိုက်နိုင်မယ့် အလားအလာကို ကာကွယ်နိုင်ဖို့ ကွန်ပျူတာ နည်းပညာသုံး လေ့ကျင့်မှုတွေကို အစမ်း လေ့ကျင့်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲတပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး ဂျိမ်းစ် သာမန် (General James D. Thurman) က အီရတ်နဲ့ အာဖဂန်နစ္စတန်က ရခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေအပြင် မြောက်ကိုရီးယားက တောင်ကိုရီးယားကို မကြာခင်က ရန်စ တိုက်ခဲ့တဲ့ သင်ခန်းစာတွေကိုပါ စုစည်း အခြေခံပြီးတော့ ဒီစစ်ရေး လေ့ကျင့်မှုမှာ အသုံးချသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့အတွက် မြောက်ကိုရီးယားက အရင်သီတင်းပတ်က ပန်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်ရေး ကြိုးပမ်းမှုတွေကို ကသိကအောက် ဖြစ်စေနိုင်တယ်လို့ မြောက်ကိုရီးယားက ထောက်ပြ ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG