သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူလိုက်နိုင်မယ့်ဂြိုဟ်တု ကန် စမ်းသပ်ပစ်လွှတ်


ဖလော်ရီဒါပြည်နယ် ကနေ Space X ကုမ္ပဏီရဲ့ Falcon 9 ဒုံးကျည် လွှတ်တင်ပုံ (မတ်၊ ၂၊ ၂၀၁၉)
ဖလော်ရီဒါပြည်နယ် ကနေ Space X ကုမ္ပဏီရဲ့ Falcon 9 ဒုံးကျည် လွှတ်တင်ပုံ (မတ်၊ ၂၊ ၂၀၁၉)

လူလိုက်ပါစီးနှင်းနှိင်တဲ့ ဂြိုဟ်တုထိပ်ဖူးတခုကိုတော့ နိုင်ငံတကာ အာကာသစခန်းကို လွှတ်တင်လိုက်ပါပြီ။ ဒါပေမဲ့ အဲဒီ ဂြိုဟ်တုထိပ်ဖူးမှာတော့ အမှန်တကယ် လူလိုက်ပါသွားခြင်း မရှိဘဲ Ripley လို့ နာမည်ပေးထားတဲ့ အရုပ်တခုကိုသာ ထည့်ပေးလိုက်တာဖြစ်ပါတယ်။

Ripley အရုပ်မှာ ဆင်ဆာတွေ တပ်ဆင်ပေးထားပြီး၊ အဲဒီဆင်ဆာတွေက ပျံသန်းနေစဉ်အတွင်း အဲဒီဂြိုဟ်တုထိပ်ဖူးထဲမှာ လူတွေဘယ်လိုခံစားရတယ်ဆိုတာကို လေ့လာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။

Space X ကုမ္ပဏီရဲ့ Falcon 9 ဒုံးကျည်ထိပ်မှာ တပ်ဆင်တဲ့ Dragon ဂြိုဟ်တုထိပ်ဖူးဟာ စနေနေ့ကတော့ ဖလော်ရီဒါပြည်နယ်ကနေ ဒီအာကာသစခန်းကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

အဲဒီ Dragon ဂြိုဟ်တုထိပ်ဖူးဟာ နိုင်ငံတကာ အာကာသစခန်းမှာ လိုအပ်မယ့် စားနှပ်ရိက္ခာ အထောက်အပံ့ပစ္စည်းတွေနဲ့ စမ်းသပ်မယ့် ပစ္စည်းကိရိယာတွေကို သယ်ဆောင်သွားပြီးတော့ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတကာ အာကာသစခန်းကို ရောက်မှာဖြစ်ပါတယ်။

Dragon ဂြိုဟ်တုထိပ်ဖူးဟာ နိုင်ငံတကာ အာကာသစခန်းမှာ ၅ ရက်ကြာ ရှိသွားမှာဖြစ်ပြီး၊ အဲဒီမှာရှိတဲ့ အာကာသယာဉ်မှူးတွေကလည်း Dragon ဂြိုဟ်တုထိပ်ဖူးကို စမ်းသပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG