သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အထူးသံ Andrew O’Brien နဲ့အဖွဲ့ မြန်မာပြည်သွားမည်


အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien
အမေရိကန်အဆင့်မြင့် သံတမန် Andrew O'Brien
အမေရိကန် အဆင့်မြင့်သံတမန် Andrew O’Brien ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိပါတယ်။

ကမ္ဘာတဝှမ်း မိတ်ဆွေဖက်အဖြစ် ဆက်ဆံရေး အမေရိကန်ရဲ့ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့ကနေ သောကြာနေ့အထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေ၊ လူမှုအသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှာ ရင်းနှီးမြှုပ်နှံသူတွေ၊ ပရဟိတစေတနာရှင်တွေ၊ စီးပွားရေးအသိုင်းအဝိုင်းမှာ ဦးဆောင်နေသူတွေ၊ လူမှုရေးနယ်ပယ်က စွန့်ဦးတီထွင်သူတွေ ပါဝင်မှာဖြစ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နိုင်ငံတကာ ဈေးကွက်နဲ့ချိတ်ဆက်နိုင်မယ့် အစီအစဉ်တွေ၊ လူမှုအသိုင်းအဝိုင်းအပေါ် ရိုက်ခတ်လာနိုင်တဲ့ အခြေအနေတွေကို လေ့လာမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ အပြောင်းအလဲတွေလုပ်လာတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက လူထုဆက်ဆံရေး ကိုယ်စားလှယ် Richard Stengel လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel တို့ဟာလည်း မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။

သမ္မတ ဘရက်ခ်အိုဘားမားဟာလည်း နိုဝင်ဘာလထဲမှာကျင်းပမယ့် ဒေသတွင်း ထိပ်သီး အစည်းအဝေးပွဲအတွက် မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
XS
SM
MD
LG