သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မြန်မာပြည်သွားမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ် Leila Zerrougui ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ် Leila Zerrougui ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင်ပဋိပက္ခရေးရာ အထူးကိုယ်စားလှယ် Leila Zerrougui ဟာ မြန်မာနိုင်ငံကို ဇူလိုင် ၁၁ရက်နေ့ကနေ ၁၇ရက်နေ့အထိ သွားရောက်ပါလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ ဘယ်လို ဒုက္ခရောက်ရတယ်ဆိုတဲ့ အခြေအနေ ၊ ၂၀၁၂က မြန်မာအစိုးရ လက်မှတ်ရေးထိုးခဲ့တဲ့ ကလေးစစ်သားစုဆောင်းမှု အဆုံးသတ်ရေးအတွက် ဘယ်လောက်အထိ တိုးတက်အောင် ဆောင်ရွက်ထားသလဲ ဆိုတာ လေ့လာအကဲဖြတ်ဖို့ သွားရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်ကတဆင့် နေပြည်တော် မန္တလေး မြစ်ကြီးနားတို့ကိုလည်း သွားရောက်ပါလိမ့်မယ်။ မြန်မာအရာရှိတွေ UNICEF အပါအဝင် ကုလသမဂ္ဂ ဝန်ထမ်းတွေ သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်ခဲ့ဖူးတဲ့ ကလေးသူငယ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဇူလိုင်လ ၁၆ရက်မှာတော့ ရန်ကုန် UNICEF ရုံးမှာ သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG