သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ထောက်လှမ်းရေးဥပဒေ ပျက်ပြယ်


အမေရိကန်အထက်လွှတ်တော်အမတ် Rand Paul (ယာ) အမေရိကန်ထောက်လှမ်းရေးဆိုင်ရာ ဖုန်းသတင်းရယူမှုနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဖြေကြားနေစဉ်။ (မတ် ၃၁၊ ၂၀၁၅)
အမေရိကန်အထက်လွှတ်တော်အမတ် Rand Paul (ယာ) အမေရိကန်ထောက်လှမ်းရေးဆိုင်ရာ ဖုန်းသတင်းရယူမှုနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဖြေကြားနေစဉ်။ (မတ် ၃၁၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက အသုံးပြုခဲ့တဲ့ အမျိုးသားလုံခြုံရေးအတွက် အစိုးရရဲ့ ပြည်တွင်း စောင့်ကြည့်ရေးအစီအစဉ်ကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြတာမှာ သဘောတူညီမှုမရလို့ NSA အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီအနေနဲ့ တယ်လီဖုံးဆက်သွယ်မှုတွေကို တရားဝင် စောင့်ကြည့်ခွင့် ရတော့မှာမဟုတ်ပါဘူး။

အကြမ်းသမားလို့ မသင်္ကာသူတွေရဲ့ တယ်လီဖုံးဆက်သွယ်မှုတွေရဲ့ ဖုံးနံပါတ်၊ ရက်စွဲနဲ့ ဘယ်လောက်ကြာကြာ ပြောသလဲဆိုတာတွေအပါအဝင် အသေးစိတ်အချက်အလက်တွေကို စောင့်ကြည့်တဲ့ တချိန်က လျှို့ဝှက်ခဲ့တဲ့ အစီအစဉ်ဟာ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုလို့ အမေရိကန်နိုင်ငံသားတွေက ဝေဖန်ကြတာပါ။ အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ ဥပဒေသစ်ကတော့ NSA အနေနဲ့ အားလုံးကို ကြိုက်သလို စောင့်ကြည့်နားထောင်တာမျိုးမဟုတ်ဘဲ လိုအပ်တဲ့ကိစ္စရပ်တွေမှာပဲ ဆိုင်ရာတယ်လီဖုန်းကုမ္ပဏီဆီကနေ အချက်အလက်တွေကို ပန်ကြားပြီး ခွင့်ပေးဖို့ ခွင့်ပြုတာဖြစ်ပါတယ်။

မူလစောင့်ကြည့်ရေးအစီအစဉ်ကို တနင်္ဂနွေနေ့ည သက်တမ်းမကုန်ခင်မှာ အထက်လွတ်တော်က အတည်မပြုပေးခဲ့ပေမယ့် ဒီကိစ္စကို ဒီသတင်းပတ်ထဲမှာ အတည်ပြုပေးလို့ ရပါသေးတယ်။ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest ကတော့အချိန်ကွာဟမှုက တာဝန်မဲ့ဖြစ်ရပ်လို့ဆိုပြီး အထက်လွှတ်တော် အနေနဲ့ လုပ်စရာရှိတာ မြန်မြန်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ အခုအစီအစဉ်သစ်က လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကြား သင့်တော်တဲ့ ညှိနှိုင်းမှုဖြစ်တယ်လို့ Mr. Earnest က ပြောပါတယ်ရှင်။

XS
SM
MD
LG