သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန် အထောက်အကူပေးမည်


သမ္မတ ဦးသိန်းစိန်ဟာ မနေ့တုန်းက သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အကူအညီတွေပေး ဆောင်ရွက်နေတဲ့ကိစ္စကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ အသိအမှတ် ပြုတဲ့အကြောင်း ပြော ဆိုပြီးတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေ အရှိန်အဟုန် ကောင်းလာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အထောက်အပံ့ကိစ္စတွေကို ဖော်ပြတာပါ။

ဒီအထဲမှာတော့ အမေရိကန် အစိုးရ အေဂျင်စီတွေ၊ အဆင့်မြင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ နောက် အမေရိကန် စီးပွားရေး လုပ်ငန်းကြီးတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေ ပေးပြီးတော့ မြန်မာအစိုးရနဲ့ ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်သွားနေသလိုပဲ အမေရိကန်အစိုးရပိုင်းအနေနဲ့လည်း မြန်မာအစိုးရနဲ့ရော အခြား အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေနဲ့ပါ ပူးတွဲလုပ်တဲ့ အစီအစဉ်တွေ နိုင်ငံခြား အထောက်အပံ့တွေကို ပေးသွားဖို့လည်း ပါရှိပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရပြီးတော့ လွတ်လပ်မျှတမှု ရှိဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ အကူအညီတွေ ပေးသွားမယ်ဆိုတာ ပါရှိသလိုပဲ ပညာရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ Fulbright Program အပြင် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးအနေနဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန် တက္ကသိုလ်၊ ကောလိပ်တွေမှာ ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဆောင်ရွက်တာမျိုးတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ကိစ္စလည်း ပါရှိပါတယ်။

တချိန်တည်းမှာပဲ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ ပါရှိသလိုပဲ အခြား လူထု အထောက်အကူပေးရေး အစီအစဉ်တွေ ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။
XS
SM
MD
LG