သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စတော့အစုရှယ်ယာဈေး သမိုင်းတင် ထိုးကျ


အမေရိကန် စတော့ရှယ်ယာ ဈေးတွေ ဟာ တနင်္လာနေ့မှာ ၄.၆% ကျဆင်းသွားပါတယ်။ The Dow ရဲ့ အညွှန်းကိန်းမှာ ရှယ်ယာဈေးဟာ ၁၂၀၀ နီးပါး ကျဆင်းသွားပြီး Standard and Poor S&P အညွှန်းကိန်းကတော့ အမှတ် ၁၀၀ ကျော် ထိုးကျသွားပါတယ်။

ဒါဟာ စတော့ရှယ်ယာဈေးကွက် သမိုင်းမှာ တနေ့တွင်း အဆိုးဆုံးကျဆင်းမှုဖြစ်ပြီး တနင်္လာနေ့မှာ Dow က အစုရှယ်ယာတွေကို ထုတ်ရောင်းခဲ့ရာမှာ ၆၆၆ မှတ် ကျဆင်းသွားပါတယ်။

အမေရိကန်နိုင်ငံမှာ လုပ်ခလစာတွေ တိုးမြင့်လာတဲ့အတွက် ဆယ်နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်နေတဲ့ ငွေကြေးဖေါင်းပွမှုနဲ့ လျှော့နည်းနေတဲ့ အတိုးနှုန်းတွေကို ဆက် ထိန်းထားနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပြီးခဲ့တဲ့ သတင်းပတ် သောကြာနေ့က စတော့ဈေးနှုန်းတွေ ကျဆင်းခဲ့ပြီးနောက်ပိုင်း အခုလို တနင်္လာနေ့မှာ ထပ်မံ ကျဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ငွေကြေး ဖေါင်းပွမှုတိုးလာပြီး လုပ်ခလစာတွေလည်း များလာမယ်ဆိုတဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေဟာ အမေရိကန် ဗဟိုဘဏ် အနေနဲ့ အတိုးနှုန်းတွေကို ပိုမြန်မြန် မြှင့်တင်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

သောကြာနေ့ကစပြီး ဈေးတွေထိုးကျခဲ့တဲ့အတွက် စတော့ အစုရှယ်ယာဈေးကွက်မှာ ရှယ်ယာတန်ဖိုး တစ်ထရီလီယံ ဒေါ်လာနီးပါး ဆုံးရှုံးခဲ့ရတဲ့အတွက် စတော့ဈေးကွက် အားကောင်းခိုင်မာနေပြီဆိုပြီး ဂုဏ်ယူပြောဆိုနေတဲ့ သမ္မတဒေါ်နယ်ထရမ့် အတွက် အကြီးအကျယ်ထိခိုက်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG