သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်နဲ့ ဆီးရီးယားက အီရန်ပစ်မှတ်တွေ ကန်တုံ့ပြန်တိုက်ခိုက်


A plane takes off from an unidentified location, as the U.S. launches airstrikes on targets linked to Iran's Revolutionary Guard (IRGC) and the militias it backs
A plane takes off from an unidentified location, as the U.S. launches airstrikes on targets linked to Iran's Revolutionary Guard (IRGC) and the militias it backs

ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေထဲက အီရန်ပံ့ပိုးထားတဲ့အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းနဲ့ သောကြာနေ့က တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်လည်း တိုက်ခိုက်မှုတွေ လုပ်သွားဦးမယ်လို့ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ပြောကြားခဲ့ပါတယ်။

"အမေရိကန်အနေနဲ့ အီရန်နဲ့ ပဋိပက္ခဖြစ်အောင်လုပ်တာ မဟုတ်သလို အရှေ့အလယ်ပိုင်းဒေသထဲမှာ ပဋိပက္ခ မကျယ်ပြန့်စေချင်ပါဘူး။ ဒါပေမဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့တွန့်ဆုတ်မှာ မဟုတ်သလို၊ အမေရိကန်တွေကို ထိခိုက်အောင်လုပ်သူ ဘယ်သူ့ကိုမဆို ကြိုက်ရာအချိန် နေရာမှာ တိုက်ခိုက်ဖို့ လက်နှေးမှာ မဟုတ်ပါဘူး" လို့ သောကြာနေ့က တိုက်ခိုက်မှုအပြီး နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby ပြောကြားခဲ့တာြဖစ်ပါတယ်။

အီရန်နိုင်ငံက တော်လှန်ရေးတန်ပြန် အထူးတပ်ဖွဲ့တွေနဲ့ သူတို့နဲ့ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်မှတ်ပေါင်း ၈၅ ခုထက်မနည်းကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ်ကွပ်ကဲရေးဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုကနေသွားတဲ့ တာဝေးပစ်ဗုံးကြဲလေယာဉ်တွေအပါအဝင် စစ်လေယာဉ်မျိုးစုံကို အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မိနစ် ၃၀ လောက်ကြာတဲ့ စစ်ဆင်ရေးအတွင်း အီရတ်နိုင်ငံက နေရာ ၃ ခုနဲ့ ဆီးရီးယားနိုင်ငံက နေရာ ၄ ခုမှာရှိတဲ့ ပစ်မှတ်တွေကို အတိအကျ ထိမှန်အောင် ပစ်နိုင်ခဲ့တယ်လို့ ပူးတွဲစစ်ဦိးစီးချုပ်များရဲ့ စစ်ဆင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Douglas Sims က ပြောကြားပါတယ်။ ဒီတိုက်ခိုက်မှုတွေမလုပ်ခင် အီရတ်ကို ကြိုတင်အသိပေးခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ ညွှန်ကြားချက်အရ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။

ဂျော်ဒန်က အမေရိကန်စစ်အခြေစိုက်စခန်းအပေါ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Drone တွေနဲ့ တိုက်ခိုက်ခံရလို့ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး ၄၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွက် နောက်ထပ်လည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်သွားဦးမယ်လို့ သမ္မတ Biden ကသောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG