သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဖျက်ချဆေး ဆက်အသုံးပြုခွင့် အမေရိကန်တရားရုံးချုပ် ဆုံးဖြတ်


USA-ABORTION/PILL
USA-ABORTION/PILL

အမေရိကန်ပြည်ထောင်စုမှာ အဓိကအသုံးပြုနေတဲ့ သန္ဓေသားဖျက်ချတဲ့ Mifepristone ဆေးကို ဆက်လက်အသုံးပြုနိုင်တယ်လို့ နိုင်ငံရဲ့ အမြင့်ဆုံး ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန် ဆေးဝါးနဲ့အစားအသောက် ထိန်းချုပ်ရေးဌာနက လွန်ခဲ့တဲ့ ၂၃ ခုနှစ်တုန်းက Mifepristone သန္ဓေသားဖျက်ချဆေးကို အသေအချာ မစစ်ဆေးဘဲ အတည်ပြုခဲ့တယ်လို့ဆိုပြီး၊ နိုင်ငံတဝှမ်း ဒီဆေးသုံးစွဲ၊ ထုတ်လုပ်မှုတားမြစ်တယ်လို့ Texas ပြည်နယ်က ပြည်ထောင်စုတရားသူကြီးတယောက်က ဧပြီလဆန်းမှာ အမိန့်ထုတ်ပြန်ခဲ့တာကြောင့် အခုလို ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေအနေနဲ့ ဒီဆေးကို ဆက်လက်အသုံးပြုနိုင်ခွင့် ရရှိရေးအတွက် သမ္မတ Biden အစိုးရနဲ့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတို့က အရေးပေါ်အဆုံးအဖြတ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ တရားသူကြီး ၉ ယောက်ရှိတဲ့ ပြည်ထောင်စုတရားရုံးချုပ်မှာ တရားသူကြီး ၂ ယောက်ကလွဲလို့ ၇ ယောက်က Mifepristone ဆေးကို အရင်သတ်မှတ်ထားတဲ့အတိုင်း ကိုယ်ဝန်လွယ်ထားတာ သီတင်း ၁၀ ပါတ်မကျော်ခင်အထိ ဒီဆေးသုံးပြီး ကိုယ်ဝန်ဖျက်ချနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

Texas ပြည်နယ်တရားသူကြီးရဲ့ အမိန့်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၀ ခုနှစ်ထဲက အသုံးပြုခွင့်ရထားတဲ့ Mifepristone ဆေးနဲ့ အသုံးပြုခဲ့သူ အမျိုးသမီး ၅ သန်းကျော် ရှိပါတယ်။ အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခဲ့ပြီးသူ အမျိုးသမီး ထက်ဝက်ကျော်ဟာ ဒီဆေးနဲ့ နောက်ဆေးတမျိုးပေါင်းပြီး ကိုယ်ဝန်ဖျက်ချခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားပြီး သီတင်းပါတ် ဘယ်လောက်ကြတဲ့အချိန်အထိ ကိုယ်ဝန်ဖျက်ချခွင့်ရှိသလဲဆိုတာနဲ့ ပါတ်သက်လို့ Louisiana ပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု အယူခံတရားရုံးမှာ ဆက်လက်ကြားနာ ဆုံးဖြတ်ဖို့ ရှိပါတယ်။

XS
SM
MD
LG