သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်လှမ်းရေးကို Facebook နဲ့ Microsoft သတင်းအချက်အလက်ပံ့ပိုး


အမေရိကန်အစိုးရရဲ့ အီလက်ထရောနစ် စောင့်ကြည့်စုံစမ်းရေးအစီအစဉ်အရ အင်တာနက်ကုမ္ပဏီ အတော်များများဟာ အစိုးရလိုချင်တဲ့ သတင်း အချက်အလက်အချို့ကို ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တရပ် ယူထားကြပါတယ်။

Facebook ဟာ ဒီလို တောင်းဆိုမှုကို သဘောတူတဲ့အထဲ ပထမဆုံးဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် နှစ်ဝက်ကျော်မှာ သတင်းအချက်အလက် တောင်းဆိုမှု ၉,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ပေးခဲ့ပြီး အဲဒီအတွက် အသုံးပြုသူ အကောင့်ပေါင်း ၁၈,၀၀၀ နဲ့ ၁၉,၀၀၀ ကြား အကောင့်တွေက အချက်အလက်တွေ ပါဝင်တယ်လို့ ဘလော့ဂ်စာမျက်နာတခုမှာ ရေးထားပါတယ်။

Microsoft ကတော့ အဲဒီကာလမှာ အချက်အလက်တောင်းဆိုမှု အကြိမ် ၆,၀၀၀ နဲ့ ၇,၀၀၀ အကြား ပေးခဲ့ပြီး၊ သုံးစွဲသူ အကောင့် ၃၁,၀၀၀ နဲ့ ၃၂,၀၀၀ အကောင့်တွေက အချက်အလက်တွေဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီလို အချက်အလက်တောင်းဆိုမှုတွေမှာတော့ ပြည်နယ်အစိုးရနဲ့ ဒေသအစိုးရတွေက ဖြစ်သလို၊ အမျိုးသားလုံခြုံရေးအေဂျင်စီက တောင်းခံမှုတွေလည်း ရှိခဲ့ပါတယ်။ Apple Google နဲ့ Yahoo အပါအဝင် ကုမ္ပဏီတွေ ကတော့ NSA အမျိုးသားလုံခြုံရေးအေဂျင်စီအနေနဲ့ သူတို့ရဲ့ Servers တွေကို တိုက်ရိုက် ဝင်ကြည့်နိုင်တယ် ဆိုတာမဟုတ်ပါဘူလို့ ငြင်းပါတယ်။

အခုလို အစိုးရထောက်လှမ်းရေးဆိုင်ရာ အမိန့်တွေနဲ့ပတ်သက်လို့ သတင်း အချက်အလက်တွေ ထုတ်ပြန်ပေးနေရတာကို ကာကွယ်ဖို့ ဥပဒေဆိုင်ရာ အကန့်အသတ် လျှော့ပေးရေးအတွက် အိုဘားမား အစိုးရကို ကုမ္ပဏီတွေက ဖိအားပေးနေကြပါတယ်။
XS
SM
MD
LG