သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ကိုသူလျှိုမှုတွေနဲ့ တရားစွဲ


Edward Snowden
Edward Snowden
အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူ Edward Snowden ကို သူလျှိုလုပ်မှုတွေနဲ့ ဗဟိုအစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ဟောင်ကောင်မှာရှိနေတဲ့ Snowden ကို ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ NSA မှာ ကွန်ထရက်တာ အဖြစ်အလုပ်လုပ်ခဲ့တဲ့ Snowden က လျှို့ဝှက်အချက်အလက်တွေကို ယူပြီး ဟောင်ကောင်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

အစိုးရရှေ့နေတွေက Snowden ကို ဗာဂျီးနီးယား ပြည်နယ်မှာ တရားစွဲလိုက်တာဖြစ်ပြီး တရားစွဲဆိုထားတဲ့ ရာဇဝတ်မှုတွေကိုလည်း အများပြည်သူ မသိရအောင် ချိတ်ပိတ်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတင်းဌာနတွေကို ပြောပါတယ်။ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေ အပြောရာ စွဲဆိုချက်တွေထဲမှာ သူလျှိုလုပ်မှု၊ ခိုးဝှက်မှုနဲ့ အစိုးရရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောဆိုမှုတို့ ပါဝင်တယ်လို့ ပြောပါတယ်။

Snowden က သတင်းမီဒီယာတွေကို ဖွင့်ပြောခဲ့တဲ့အချက်တွေထဲမှာ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေဟာ ကမ္ဘာတဝန်းက တယ်လီဖုန်း နဲ့ အင်တာနက်ဆက်သွယ်မှုမှတ်တမ်း အမြောက်အများကို ရယူထောက်လှမ်း ခဲ့တယ်လို့ ပြောပါတယ်။ သာမန်အရပ်သားတွေအပေါ်မှာ အစိုးရက အကြီးအကျယ်စောင့်ကြည့် ထောက်လှမ်းနေတာကို ဖော်ထုတ်ဖို့ အရေးကြီးတဲ့အတွက် ခုလို အများပြည်သူသိအောင်လုပ်ရတာလို့ Snowden ကပြောပါတယ်။

ခုလို NSA ရဲ့ ထောက်လှမ်းရေး အစီအစဉ်တွေကြောင့် အကြမ်းဖက်တိုက်ခိုက်ဖို့ စီအစဉ်မှုတွေကို ကြိုတင် တားဆီးကာကွယ်နိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။
XS
SM
MD
LG