သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုမှာသုံးတဲ့ ထောက်လှမ်းရေးနည်းပညာများပိတ်ပင်ရေး ကန်ညှိနှိုင်းပြင်ဆင်


တောင်ကြီးမြို့ ဗုံးပေါက်ကွဲမှု CCTV မှတ်တမ်း (CJ) ၊ မေလ ၂ဝ၊ ၂ဝ၂၁
တောင်ကြီးမြို့ ဗုံးပေါက်ကွဲမှု CCTV မှတ်တမ်း (CJ) ၊ မေလ ၂ဝ၊ ၂ဝ၂၁

{{Zawgyi/Unicode}}

လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေမှာ အသုံးပြုနိုင်ခြေရှိတဲ့ ထောက်လှမ်းရေးနည်းပညာတွေ တင်ပို့တာကို ကန့်သတ်ရေး အမေရိကန်အစိုးရက မဟာမိတ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ သမ္မတအိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီလိုပိတ်ပင်ကန့်သတ်တာမျိုး မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီပေါ် ချမှတ်ထားပြီးဖြစ်သလို ဝှီဂါမွတ်ဆလင်တွေကို ဖိနှိပ်တာမှာ တရုတ်အနေနဲ့ အမေရိကန်နည်းပညာတွေကို အသုံးမပြုနိုင်ဖို့ လုပ်ဆောင် ထားပြီးဖြစ်တယ်လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးမှာ တင်ပို့ကုန်ထိန်းချုပ်ရေးနဲ့ လူ့အခွင့်အရေးအစီအစဉ် ဆိုတာကို သမ္မတ Joe Biden က ကြေညာမယ်လို့ တာဝန်ရှိသူကပြောပါတယ်။

ဒီအစီအစဉ်မှာ ဘယ်မဟာမိတ်နိုင်ငံတွေ ပါဝင်မယ်ဆိုတာ တာဝန်ရှိသူကမပြောပေမယ့် Wassenaar သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံအများအပြား ပါနိုင်ခြေရှိတယ်လို့ တစွန်းတစပြောခဲ့ပါတယ်။

Wassenaar သဘောတူညီချက်ဆိုတာက သမားရိုးကျလက်နက်ခဲယမ်းတွေ တင်ပို့တာ၊ ကုန်ပစ္စည်းတွေနဲ့ နည်းပညာတွေကို အရပ်ဘက်မှာရော စစ်ဘက်မှာပါ အသုံးပြုတာကို ထိန်းချုပ်ရေး အလွတ်သဘော ကတိပြုထားတဲ့ နိုင်ငံစုံ သဘောတူညီချက်ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကို နိုင်ငံပေါင်း ၄၂ နိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။

ထောက်လှမ်းရေးနည်းပညာတွေဟာ တဖြည်းဖြည်းချင်း ပိုပြီး အဆင့်မြင့်ရှုပ်ထွေးလာသလို တကမ္ဘာလုံးမှာ အသုံးပြုနေကြတာပါ။ ဒီထဲမှာ စောင့်ကြည့်မှတ်တမ်းတင်တဲ့ ကင်မရာတွေ၊ လူ့ခန္ဓာကိုယ် ဇီဝပိုင်းဆိုင်ရာကို မှတ်တမ်းတင်တဲ့ ကွန်ပြူတာဆော့ဖ်ဝဲတွေ၊ လူ့မျက်နှာကို ဖတ်ယူ သိမ်းဆည်းထားနိုင်တဲ့ ဆော့ဖ်ဝဲတွေ၊ အဝေးထိန်း ဒရုံးယာဉ်တွေ၊ တယ်လီဖုန်း ကြားဖြတ်နားထောင်တာနဲ့ အချက်အလက်တွေကို ခြေရာခံ ထောက်လှမ်းတဲ့စနစ်တွေ စသည်အားဖြင့် ပါဝင်ပါတယ်။

=========

{{Unicode}}








#USHumanRights #USSurveillanceTech #VOABurmese


XS
SM
MD
LG