သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့


အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့
အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံမှာတွေ့

လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ယုံကြည်မှု တည်ဆောက်နိုင်ဖို့နဲ့ နှစ်ဘက်ပြင်ဆင်မှုတွေ ထားရှိဖို့ ရည်ရွယ်ပြီး ကာတာ (Qatar) နိုင်ငံမှာ အမေရိကန်နိုင်ငံ တာဝန်ရှိသူတွေနဲ့ တာလီဘန် စေ့စပ်ညှိနှိုင်းသူတွေကြား ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။

အကြို ညှှိနှိုင်း အစည်းအဝေးတွေ တက်ဖို့ တာလီဘန် စေ့စပ်ညှိနှိုင်းရေးမှူး ၅ ယောက် လာရောက်မယ်လို့ တာလီဘန်အဖွဲ့ရဲ့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့ကို ဦးဆောင်ခဲ့ဖူးသူ Maulavi Qalamuddin က ပြောဆိုပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျူးဘား (Cuba) နိုင်ငံမှာရှိတဲ့ အမေရိကန် စစ်တပ်လက်အောက်က ဂွာတာနာမို (Guanatanamo) ပင်လယ်အော် အကျဉ်းစခန်းမှာ ဖမ်းဆီးခံထားရတဲ့ တာလီဘန် အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖိ့ုအရေး ဆွေးနွေးမယ်လို့ သူကပြောဆိုပါတယ်။

လောလောဆယ် ဒိုဟာမှာရောက်နေတဲ့ တာလီဘန် ကိုယ်စားလှယ်အဖွ့ဲမှာ တာလီဘန် ခေါင်းဆောင် Mullah Omar ရဲ့ အတွင်းရေးမှူးဟောင်း နဲ့ တာလီဘန် တာဝန်ရှိ အဖွဲ့ဝင်ဟောင်း တော်တော်များများ ပါတယ်လို့ Qalamuddin က ပြောဆိုပါတယ်။ ဒီအဖွဲ့ဟာ ကာတာနိုင်ငံကနေ ပါကစ္စတန်ကို ခရီးဆက်ကြမှာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါကစ္စတန်လည်း ပါဝင်ပုံရတယ်လို့ သူက တဆက်တည်း ပြောဆိုပါတယ်။

ကာတာမှာ နိုင်ငံရေးဆိုင်ရာ ရုံးတစ်ရုံးဖွင့်ဖို့ တာလီဘန်တွေရဲ့ အစီအစဉ်ကို အာဖဂန်နစ္စတန်နဲ့ အမေရိကန် နိုင်ငံ နှစ်နိုင်ငံစလုံးက ထောက်ခံအားပေး ကြတယ်လို့ အမေရိကန်နိုင်ငံ အထူးကိုယ်စားလှယ် Marc Grossman က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ တာလီဘန်တွေကို လွှတ်ပေးဖို့ ဘယ်သူမှ မဆုံးဖြတ်သေးဘူးလို့ သူကပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုက ၂၀၁၄ ခုနှစ်အကုန်မှာ အာဖဂန်နစ္စတန် နိုင်ငံကနေ သူ့နိုင်ငံတပ်ဖွဲ့တွေ အားလုံး ပြန်ရုပ်သိမ်းဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG