သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်လေယာဉ် ထိုင်ဝမ်ကို ရောင်းချတော့မည် မဟုတ်


အမေရိကန်စစ်လေယာဉ် ထိုင်ဝမ်ကို ရောင်းချတော့မည် မဟုတ်
အမေရိကန်စစ်လေယာဉ် ထိုင်ဝမ်ကို ရောင်းချတော့မည် မဟုတ်

အမေရိကန်အစိုးရက ထိုင်ဝမ်ကို F-16 တိုက်လေယာဉ်တွေ မရောင်းတော့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အိမ်ဖြူတော်က ထုတ်ပြန်ချက်တွေထဲမှာ အမေရိကန်အနေနဲ့ ထိုင်ဝမ်က ဟောင်းနွမ်းလာနေတဲ့ F-16 တိုက်လေယာဉ်တွေကို ပြုပြင် ထိန်းသိမ်းရေးတော့ လုပ်ပေးမယ်။ ဒါပေမဲ့ အသစ်တွေ ထပ်ရောင်းဖို့တော့ ထည့်မပြောထားဘူးလို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ပြောဆိုလိုက်ပါတယ်။

ဒီကိစ္စကို အိုဘားမား အစိုးရအရာရှိတွေက လွှတ်တော်အမှုထမ်းတွေကို မနေ့ သောကြာနေ့က ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် ထုတ်ပြန်ခဲ့တာတော့ မရှိသေးပါဘူး။

တက်ခ်ဆပ်ပြည်နယ်က ရီပါပလစ်ကန် လွှတ်တော်အမတ် ဂျွန်ကော်နင် (John Cornyn) ကတော့ ဒီအစီရင်ခံချက်သာ မှန်ခဲ့မယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ဘက်က တရုတ်ကွန်မြူနစ်ကို လက်နက်ချ အညံ့ခံလိုက်တာဖြစ်တယ်။ နှစ်ပေါင်းများစွာ တွဲလာတဲ့ အရင်းနှီးဆုံး မဟာမိတ်တဦးကို ပါးရိုက် ဆော်ကားလိုက်တာပဲ ဖြစ်တယ်လို့ မနေ့က ကြေညာချက်ထုတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG