သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်လက်နက် ဒေါ်လာ ၁.၈၃ ဘီလီယံဖိုး တိုင်ဝမ်ကို ရောင်းမည်


အမေရိကန်နိုင်ငံခြားရေးဌာနကနေ တိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ရောင်းချမယ့် လက်နက်တွေထဲမှာ ဖရီးဂိတ်စစ်သင်္ဘော ၂ စင်း၊ တင့်ကားဖျက် မစ်ဇိုင်းဒုံး၊ ကုန်း-ရေ နှစ်သွယ်သွား တိုက်ခိုက်ရေး သံချပ်ကာကားတွေနဲ့ မြေပြင်က ဝေဟင်ပစ် စတင်ဂါဒုံးကျည်တွေ ပါဝင်မယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အစီအစဉ်ကို အမေရိကန်လွှတ်တော်က လေ့လာဆန်းစစ်ဖို့နဲ့ ပယ်ချဖို့အတွက် ရက်ပေါင်း ၃၀ အချိန်ရမှာဖြစ်ပါတယ်။

တိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ဆက်ရှိဖို့အတွက် လိုအပ်တဲ့ လက်နက်တွေ ပံ့ပိုးပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြောင်းအလဲ မရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် David MaKeeby က ပြောဆိုခဲ့ပါတယ်။

တိုင်ဝမ်ကို လက်အောက်ခံ နယ်မြေတခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကတော့ တိုင်ဝမ်၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ မထိခိုက်စေဖို့ လက်နက်ရောင်းချမယ့် အစီအစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG