အေမရိကန္အထူးတပ္ဖဲြ႕ တိုင္ဝမ္ကိုေလ႔က်င့္ေပးေနသလား
{{Zawgyi/Unicode}}
တ႐ုတ္က တိုက္ခိုက္လာမယ္ဆိုရင္အသင့္ရွိေအာင္ ထိုင္ဝမ္တပ္ဖြဲ႔ေတြကို လွ်ိဳ႕ဝွက္ေလ့က်င့္ေပးဖို႔ အေမရိကန္တပ္ေတြ ထိုင္ဝမ္ကိုေရာက္ေနတယ္ဆိုတဲ့ သတင္းကို အေမရိကန္ကာကြယ္ေရးဌာန အရာရွိေတြက အတည္ျပဳေပးဖို႔ ျငင္းဆိုပါတယ္။
တိုင္ဝမ္ၾကည္းတပ္ လက္ေရြးစင္အဖြဲ႔ကို အေမရိကန္အထူးတပ္ဖြဲဝင္ ၂ ဒါဇင္ေလာက္က ေလ့က်င့္ေပးေနသလို အေမရိကန္မရိန္းတပ္ဖြဲ႔ ကလည္း တျခားထိုင္ဝမ္တပ္သားေတြကို ေရေၾကာင္း စစ္နည္းဗ်ဴဟာေတြေလ့က်င့္ေပးေနေၾကာင္း အေမရိကန္နံမယ္ႀကီး သတင္းစာ The Wall Street Journal က ၾကာသပေတးေန႔မွာ ေရးသားခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ အေမရိကန္တပ္ေတြ အခုလို ေလ့က်င့္ေပးေနတာဟာ မႏွစ္ ေလာက္ကတည္းကျဖစ္ေၾကာင္းလည္း အမည္မေဖၚလိုတဲ့ အေမရိကန္အရာရွိေတြက သူတို႔ကို ေျပာေၾကာင္း ေဖၚျပထားတာပါ။
ဒီသတင္းေဖၚျပခ်က္နဲ႔ ပတ္သက္ၿပီး ပင္တာဂြန္စစ္ဌာနခ်ဳပ္ အရာရွိေတြက အတည္ျပဳဖို႔ ျငင္းဆိုခဲ့ေပမယ့္ ပင္တာဂြန္ေျပာခြင့္ရကေတာ့ အေမရိကန္နဲ႔ ထိုင္ဝမ္ ဆက္ဆံေရးဟာ တ႐ုတ္ရဲ႕ လက္ရွိ ၿခိမ္းေျခာက္မႈကို ဆန္႕က်င္ရာမွာ မဟာမိတ္အျဖစ္ ရွိေနဆဲ ျဖစ္ေၾကာင္း ေျပာပါတယ္။
တ႐ုတ္ဟာ ထိုင္ဝမ္နဲ႔ တျခားမိတ္ေဆြႏိုင္ငံေတြကို ဖိအားေတြ တိုးေပးဖို႔ ႀကိဳးစားေနသလို တိုင္ဝမ္ဝန္းက်င္မွာေရာ အေရွ႕တ႐ုတ္ပင္လယ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္ေဒသေတြမွာပါ စစ္ေရးတိုးႁမွင့္ေနေၾကာင္းနဲ႔ ဒါဟာ ေဒသတြင္း မတည္မၿငိမ္ျဖစ္လာေစႏိုင္ေၾကာင္း ကာကြယ္ေရးဌာန ေျပာခြင့္ရ John Supple က VOA ကို ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။
ဒါ့အျပင္ အေမရိကန္ျပည္ေထာင္စုဟာ ထိုင္ဝမ္ေရလက္ၾကား အပါအဝင္ အင္ဒို ပစိဖိတေဒသတြင္း ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ လံုျခံဳေရးကို လိုလားေၾကာင္း တ႐ုတ္အစိုးရကလည္း ဒီေဒသတြင္း ျပႆနာကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ အေမရိကန္က တိုက္တြန္းေၾကာင္းလည္း ေျပာပါတယ္။
မၾကာခင္ ရက္ပိုင္းေတြ အတြင္း တ႐ုတ္က ထိုင္ဝမ္ေဝဟင္ပိုင္နက္ထဲကို စစ္ေလယာဥ္ အစင္း ၁၅၀ ေက်ာ္ ျဖတ္ၿပီး ပံ်သန္းေစခဲ့တာ ျဖစ္ၿပီး ေလေၾကာင္း မေတာ္တဆမႈေတြ ျဖစ္လာမွာကို စိုးရိမ္မႈေတြ တိုးလာေနတာ ျဖစ္ပါတယ္။
.............................................
အမေရိကန်အထူးတပ်ဖွဲ့ တိုင်ဝမ်ကိုလေ့ကျင့်ပေးနေသလား
{{Unicode}}
တရုတ်က တိုက်ခိုက်လာမယ်ဆိုရင်အသင့်ရှိအောင် ထိုင်ဝမ်တပ်ဖွဲ့တွေကို လျှို့ဝှက်လေ့ကျင့်ပေးဖို့ အမေရိကန်တပ်တွေ ထိုင်ဝမ်ကိုရောက်နေတယ်ဆိုတဲ့ သတင်းကို အမေရိကန်ကာကွယ်ရေးဌာန အရာရှိတွေက အတည်ပြုပေးဖို့ ငြင်းဆိုပါတယ်။
တိုင်ဝမ်ကြည်းတပ် လက်ရွေးစင်အဖွဲ့ကို အမေရိကန်အထူးတပ်ဖွဲဝင် ၂ ဒါဇင်လောက်က လေ့ကျင့်ပေးနေသလို အမေရိကန်မရိန်းတပ်ဖွဲ့ ကလည်း တခြားထိုင်ဝမ်တပ်သားတွေကို ရေကြောင်း စစ်နည်းဗျူဟာတွေလေ့ကျင့်ပေးနေကြောင်း အမေရိကန်နံမယ်ကြီး သတင်းစာ The Wall Street Journal က ကြာသပတေးနေ့မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန်တပ်တွေ အခုလို လေ့ကျင့်ပေးနေတာဟာ မနှစ် လောက်ကတည်းကဖြစ်ကြောင်းလည်း အမည်မဖေါ်လိုတဲ့ အမေရိကန်အရာရှိတွေက သူတို့ကို ပြောကြောင်း ဖေါ်ပြထားတာပါ။
ဒီသတင်းဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ပင်တာဂွန်စစ်ဌာနချုပ် အရာရှိတွေက အတည်ပြုဖို့ ငြင်းဆိုခဲ့ပေမယ့် ပင်တာဂွန်ပြောခွင့်ရကတော့ အမေရိကန်နဲ့ ထိုင်ဝမ် ဆက်ဆံရေးဟာ တရုတ်ရဲ့ လက်ရှိ ခြိမ်းခြောက်မှုကို ဆန့်ကျင်ရာမှာ မဟာမိတ်အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်နဲ့ တခြားမိတ်ဆွေနိုင်ငံတွေကို ဖိအားတွေ တိုးပေးဖို့ ကြိုးစားနေသလို တိုင်ဝမ်ဝန်းကျင်မှာရော အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ဒေသတွေမှာပါ စစ်ရေးတိုးမြှင့်နေကြောင်းနဲ့ ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်လာစေနိုင်ကြောင်း ကာကွယ်ရေးဌာန ပြောခွင့်ရ John Supple က VOA ကို ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ရေလက်ကြား အပါအဝင် အင်ဒို ပစိဖိတဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို လိုလားကြောင်း တရုတ်အစိုးရကလည်း ဒီဒေသတွင်း ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အမေရိကန်က တိုက်တွန်းကြောင်းလည်း ပြောပါတယ်။
မကြာခင် ရက်ပိုင်းတွေ အတွင်း တရုတ်က ထိုင်ဝမ်ဝေဟင်ပိုင်နက်ထဲကို စစ်လေယာဉ် အစင်း ၁၅၀ ကျော် ဖြတ်ပြီး ပံျသန်းစေခဲ့တာ ဖြစ်ပြီး လေကြောင်း မတော်တဆမှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။