သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်လေယာဉ်ဆီဖြည့်ဆည်းပေးနေတဲ့လုပ်ငန်း ၆ ခုနဲ့ ခရိုနီ ၂ ယောက်ကို အမေရိကန်အရေးယူ 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတွေ့ရတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦ (ဇန်နဝါရီ ၁၉၊ ၂၀၂၃)
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတွေ့ရတဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦ (ဇန်နဝါရီ ၁၉၊ ၂၀၂၃)

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်နိုင်အောင် ပံ့ပိုးနေတဲ့ လုပ်ငန်း ၆ ခုနဲ့ ပုဂ္ဂိုလ် ၂ ဦးကို အရေးယူ ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနက ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ၇၈ နှစ်ပြည့် တော်လှန်ရေးနေ့ ဒါမှမဟုတ် တပ်မတော်နေ့ အထိမ်းအမှတ်အတွက် စစ်အာဏာပိုင်တွေ ပြင်ဆင်နေချိန်မှာ စစ်တပ်အတွက် လေယာဉ်လောင်စာတွေကို တင်ပို့၊ သိုလှောင် ဖြန့်ဖြူးပေးနေသူတွေကို အချိန်ကိုက် ဒဏ်ခတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ASIA SUN GROUP, ASIA SUN TRADING CO. LTD., CARGO LINK PETROLEUM LOGISITICS CO. LTD., STAR SAPPHIRE GROUP OF COMPANIES, STAR SAPPHIRE TRADING COMPANY LIMITED နဲ့ စင်္ကာပူအခြေစိုက် STAR SAPPHIRE GROUP PTE. LTD စတဲ့ လုပ်ငန်း ၆ ခုကို အမေရိကန်အစိုးရရဲ့ အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ သူ့ရဲ့ဇနီး ဒေါ်ဝင်းမင်းစိုးတို့ကိုလည်း မြန်မာစစ်တပ်အတွက် စစ်လက်နက် ပစ္စည်းကိရိယာတွေကို ကူညီဝယ်ယူပေးနေတဲ့အတွက်ကြောင့် အရေးယူလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Star Sapphire ကုမ္ပဏီတွေကို ပိုင်ဆိုင်တဲ့ ဦးထွန်းမင်းလတ်ဟာ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ငွေကြေးခဝါချမှုတို့နဲ့ ထိုင်းနိုင်ငံမှာ ၂၀၂၂ စက်တင်ဘာလထဲက ဖမ်းဆီးခံရသူဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ကိုအောင်ပြည့်စုံနဲ့ သမီးဖြစ်သူ မခင်သီရိသက်မွန်တို့နဲ ဆက်နွယ်နေတဲ့ စာရွက်စာတမ်းအများအပြား သူ့ဆီနေထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီလူ့ဘောင်လိုလားတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ကူးမျှော်လင့်ချက်တွေကို ဖျက်စီးတဲ့ မြန်မာစစ်တပ်တာဝန်ယူ တာဝန်ခံမှုရှိအောင် အမေရိကန်ပြည်ထောင်စုက ဆက်လက်ဆောင်ရွက်ပြီး ဒဏ်ခတ်မှုတွေကို လုပ်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ေကြညာချက်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ စစ်အာဏာပိုင်တွေဟာ မြန်မာပြည်သူတွေကို နာကျင်၊ ခံစားရအောင်ဆက်လုပ်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ကနဒါ၊ EU ဥရောပသမဂ္ဂ၊ ဗြိတိန်နိုင်ငံတွေက အရေးယူမှုတွေနဲ့ ကိုက်ညီပြီး အမေရိကန်က ဒဏ်ခတ်တာဖြစ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG