သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ


လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ
လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မြန်မာစစ်တပ် တပ်ရင်း ၂ ရင်း၊ အရာရှိ ၄ ဦးကို အမေရိကန်အရေးယူ

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်က တပ်ရင်းနှစ်ခုနဲ့ လူပုဂ္ဂိုလ်လေးဦးတို့အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှင်းလင်းတဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အချိန်မှာ တာဝန်ယူထားတဲ့ ခြေမြန်တပ်ရင်း ၃၃၊ ၉၉ တို့အပြင် တပ်မှူးသုံးဦးနဲ့ နယ်ခြားစောင့်တပ်ရင်းမှူး တဦးတို့ကိုပါ အရေးယူလိုက်တာဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်တာပါ။

မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့က တိုင်းရင်းသားလူနည်းစုတွေအပေါ် လူူမျိုးစုအလိုက် ရှင်းလင်းမှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေအပါအဝင် ဆိုးဝါးတဲ့လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်နေတဲ့သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက် ခံနေရသူတွေအတွက် တရားမျှတမှု ရရှိဖို့လိုအပ်သလို ဆိုးဝါးတဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့လိုတယ် ဆိုတာ ကို မြန်မာစစ်တပ်နဲ့ ခေါင်းဆောင်တွေ သဘောပေါက်အောင် အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်လံ ရှင်းလင်းရာမှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းတဲ့အဆင့်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ပြောဆို ထားကြတာပါ။

မြန်မာစစ်တပ်နဲ့အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို တရားဝင်အသိအမှတ်ပြုလက်ခံမထားသလို နိုင်ငံတကာက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိခဲ့ကြောင်းနဲ့ ကျူးလွန်သူတချို့ကိုလည်း အရေးယူတာတွေရှိခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG