သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကိုလာတဲ့ လေယာဉ်တွေပေါ် ဖောက်ခွဲရေးပစ္စည်းတွေ့


ယေမင်နိုင်ငံမှ အမေရိကန်သို့ သံသယဖြစ်ဖွယ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ်ကို နယူးယောက်မြို့ ကနေဒီ နိုင်ငံတကာလေဆိပ်တွင် ဆိပ်ကပ်ထားပုံ (အောက်တိုဘာ ၂၉၊ ၂၀၁၀)
ယေမင်နိုင်ငံမှ အမေရိကန်သို့ သံသယဖြစ်ဖွယ်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်လေယာဉ်ကို နယူးယောက်မြို့ ကနေဒီ နိုင်ငံတကာလေဆိပ်တွင် ဆိပ်ကပ်ထားပုံ (အောက်တိုဘာ ၂၉၊ ၂၀၁၀)

အမေရိကန် ပြည်ထောင်စုကို ဦးတည်ပျံသန်းလာတဲ့ ကုန်တင် လေယာဉ်တွေပေါ်မှာ သံသယဖြစ်ဖွယ် ပစ္စည်းတွေကို တွေ့ရှိခဲ့ရပြီးတဲ့နောက် ဒါဟာ တိုင်းပြည်အပေါ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတရပ်အဖြစ် အခိုင်အမာ တွေ့လာရတာ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက် အိုဘားမား က ပြောဆိုလိုက်ပါတယ်။ ဒီသံသယဖြစ်စရာ ပစ္စည်းတွေဟာ ယီမင်နိုင်ငံမှာ အခြေစိုက်ထားတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ခွဲနဲ့ ဆက်နွယ်မှု ရှိမယ်လို့လည်း အစိုးရ တာဝန်ရှိသူတွေက ယုံကြည်ထားကြတာပါ။

အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက ပြောဆိုရာမှာတော့ ယီမင်နိုင်ငံကနေ မြစ်ဖျားခံလာတဲ့ မသင်္ကာစရာ အထုတ် ၂ ထုတ်ကို ပြည်ပမှာကတည်းက ကြားဖြတ်ထောက်လှမ်း သိရှိခဲ့ရပြီး ရှီကာဂိုမြို့က ဂျူးဘာသာရေး ဝတ်ပြုရာနေရာတွေကို ပို့ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သံသယဖြစ်စရာ ပစ္စည်းတွေဟာ ယီမင်နိုင်ငံက အယ်လ်ခိုင်းဒါး အုပ်စုနဲ့ ဆက်နွယ်မှုရှိမရှိ ဆိုတာကို သမ္မတက ပြောဆိုတာမျိုး မရှိပေမဲ့ အမေရိကန်ကို တိုက်ခိုက်ဖို့ ကြေညာထားတဲ့ ဒီ အယ်ခိုင်းဒါးအဖွဲ့ခွဲကို အများက သံသယရှိခဲ့ကြတာပါ။

သမ္မတကတော့ သူ့ရဲ့ တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး အရာရှိ ဂျွန် ဘရန်နန် (John Brennan) ဟာ သောကြာနေ့ကပဲ ယီမင်သမ္မတ အလီ အက်ဘ်ဒူလာ ဆလဲ (Ali Abdullah Saleh) နဲ့ စကားပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ဖို့ ယီမင်သမ္မတက ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်သူတွေ လုံခြုံမှုရှိစေရေးအတွက် တန်ပြန်အကြမ်းဖက် တိုက်ဖျက်ရေး တာဝန်ရှိသူတွေက လိုအပ်တာတွေ ဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။ မသင်္ကာစရာ ပစ္စည်းတွေ ဘယ်ကလာတယ်၊ ဘယ်လို အကြမ်းဖက်တိုက်ခိုက်မှု အစီအစဉ်ရှိတယ် ဆိုတာ အပြည့်အ၀ စုံစမ်းသွားဖို့ ညွှန်ကြားထားတယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။



XS
SM
MD
LG