သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အထက်မြက်ဆုံး သမ္မတကတော် Eleanor Roosevelt


အမေရိကန်ရဲ့ အထက်မြက်ဆုံးသမ္မတကတော် Eleanor Roosevelt i
အမေရိကန်ရဲ့ အထက်မြက်ဆုံးသမ္မတကတော် Eleanor Roosevelt i
အမေရိကန်ပြည်ထောင်စုမှာ အထက်မြက်ဆုံး သမ္မတကတော်ဟာ Eleanor Roosevelt ဖြစ်တယ်လို့ အမေရိကန် သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ၅ ကြိမ်ဆက်တိုက်မြောက် ရွေးချယ်ခဲ့ပါတယ်။

မစ္စက် Roosevelt ဟာ နောက်ကြောင်းရာဇဝင် တိုင်းပြည်အတွက် တန်ဖိုးရှိမှု၊ ခေါင်းဆောင်မှု၊ အောင်မြင်မှု၊ သတ္တိရှိမှု၊ အမျိုးသမီး တယောက်အနေနဲ့ ကိုယ်ပိုင်အသွင်အပြင်နဲ့ ရပ်တည်နေထိုင်မှု စတဲ့ အချက် ၆ ချက်မှာ ထိပ်ဆုံးနေရာမှာ ရှိတယ်လို့ Siena College သုတေသနသိပ္ပံနဲ့ C-Span ရုပ်သံဌာနတို့က ပြုလုပ်ခဲ့တဲ့စစ်တမ်းက ပြောပါတယ်။

စုစုပေါင်း ကဏ္ဍ ၁၀ မျိုးအတွက် စစ်တမ်းကောက်ခံခဲ့တာဖြစ်ပါတယ်။ Eleanor Roosevelt ဟာ အမေရိကန်မှာ ၁၉၃၃ ကနေ ၁၉၄၅ အထိသမ္မတလုပ်ခဲ့တဲ့ Franklin Roosevelt ရဲ့ ဇနီးဖြစ်ပါတယ်။ အမေရိကန်မှာ စီးပွားရေး မဟာပျက်ကပ်ကြုံနေချိန်နဲ့ ဒုတိယကမ္ဘာစစ်ပွဲ ကာလ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ပြည်သူတွေကို အကောင်းမြင် မျှော်လင့်ချက်ပေးခဲ့သူတယောက်လို့ သူမကို သတ်မှတ်ကြပါတယ်။

နောက်ပိုင်းမှာ သူဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ လေးစားအခံရဆုံး အမျိုးသမီးတယောက်ဖြစ်ခဲ့ပါတယ်။

စစ်တမ်းမှာ ဒုတိယအကောင်းဆုံး သမ္မတကတော်အဖြစ် ရွေးချယ်ခံခဲ့ရတာ သမ္မတဟောင်း John Adams ရဲ့ဇနီးဖြစ်သူ Abigail Adams ဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ ပထမဆုံးနေထိုင်ခဲ့တဲ့ သမ္မတကတော်ဖြစ်ပြီး ကျွန်စနစ်ကို အစောပိုင်းထဲက ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။

အကောင်းဆုံး သမ္မတကတော်များ စစ်တမ်းမှာ သမ္မတကတော် Jacqueline Kennedy က တတိယ၊ Dolley Madison က စတုတ္ထနဲ့ လက်ရှိသမ္မတကတော် Michelle Obama က ပဉ္စမနေရာတွေ ရခဲ့ပါတယ်။

သမ္မတကတော်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့ Hillary Clinton ကတော့ နံပါတ် ၆ အကောင်းဆုံး သမ္မတကတော်လိ့ု သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်ပေါင်း ရာနဲ့ချီပါတဲ့အဖွဲ့က ရွေးချယ်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG