သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ အေသးစား န်ဴကလီးယားဓါတ္အားေပးစက္႐ုံ တည္ေဆာက္ေရး ကန္ ကူညီမည္


USA-NUCLEARPOWER/

ထိုင္းႏိုင္ငံ န်ဴကလီးယားစြမ္းအင္ ထုတ္လုပ္ႏိုင္ေရးအတြက္ နည္းပညာအသစ္နဲ႔ ျပဳလုပ္မယ့္ န်ဴကလီးယားဓါတ္အားေပးစက္႐ုံ တည္ေဆာက္ႏိုင္ေရး အေမရိကန္ျပည္ေထာင္စုက ကူညီပံ့ပိုးေပမယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးအစီအစဥ္ရဲ႕ အစိတ္အပိုင္းတခုအျဖစ္နဲ႔ ကူညီေဆာင္႐ြက္ေပးျခင္း ျဖစ္တယ္လို႔ ထိုင္းႏိုင္ငံမွာ ေရာက္ေနတဲ့ အေမရိကန္ ဒုသၼတ Kamala Harris က မေန႔ ႏိုဝင္ဘာ ၁၉ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။

မႏွစ္က စေကာ့တလန္ Glasgow ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာ ညီလာခံအတြင္း အေမရိကန္အစိုးရနဲ႔ ပုဂၢလိကနဲ႔ ပရဟိတ အလွဴရွင္ေတြ ပူးေပါင္းလုပ္ေဆာင္တဲ့ ကာဘြန္ဓါတ္ေငြ႔ထုတ္လုပ္မႈ လုံးဝကင္းစင္ေရး အစီအစဥ္အရ ထိုင္းႏိုင္ငံကို အခုလို ကူညီေပးျခင္းျဖစ္ေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာ န်ဴကလီးယားဓါတ္အားေပးစက္႐ုံ မရွိေသးေပမယ့္ ၂၀၁၁ ခုႏွစ္က ဂ်ပန္ႏိုင္ငံ၊ ဖူကူရွီးမားမွာ ဆူနားမီးဒဏ္ေၾကာင့္ န်ဴကလီးယား ဓါတ္အားေပးစက္႐ုံ ပ်က္ဆီးခဲ့ရတဲ့ျဖစ္စဥ္ေၾကာင့္ ထိုင္းျပည္သူေတြအၾကား န်ဴကလီးယားဓါတ္အားေပးစက္႐ုံကို လိုလားမႈ သိပ္မျပၾကပါဘူး။

န်ဴကလီးယားဓါတ္အားေပးစက္႐ုံအသစ္ တည္ေဆာက္ႏိုင္ေရးအတြက္ အေမရိကန္က နည္းပညာပိုင္းဆိုင္ရာကိစၥရပ္ေတြမွာ ကူညီပံ့ပိုးေပးသြားမယ္လို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။ အခုေဆာက္မယ့္ န်ဴကလီးယားဓါတ္အားေပးစက္႐ုံ အေသးစားမ်ိဳးဟာ အေရးေပၚအေျခအေန ျဖစ္လာရင္ လူကိုယ္တိုင္ စက္ကိုပိတ္ေပးရတာမ်ိဳး မလိုအပ္တဲ့အတြက္ ပိုၿပီးေဘးကင္းလုံၿခဳံမႈ ရွိတယ္လို႔ ဆိုပါတယ္။

အလားတူ န်ဴကလီးယားဓါတ္အားေပးစက္႐ုံ အေသးစားမ်ိဳးကို အေမရိကန္ရဲ႕ ၿပိဳင္ဘက္ႏိုင္ငံေတြ ျဖစ္ၾကတဲ့ တ႐ုတ္၊ ႐ုရွားနဲ႔ အာဂ်င္တီးနားတို႔ကလည္း တည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားေနၾကၿပီး အခုခ်ိန္မွာ ပုံစံအၾကမ္းအဆင့္မွာဘဲ ရွိေသးတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==== Unicode ====

ထိုင်းနိုင်ငံ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအသစ်နဲ့ ပြုလုပ်မယ့် နျူကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေမယ်လို့ ပြောကြားလိုက်ပါတယ်။ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ဒုသ္မတ Kamala Harris က မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။

မနှစ်က စကော့တလန် Glasgow မြို့မှာ ကျင်းပခဲ့တဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ညီလာခံအတွင်း အမေရိကန်အစိုးရနဲ့ ပုဂ္ဂလိကနဲ့ ပရဟိတ အလှူရှင်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ကာဘွန်ဓါတ်ငွေ့ထုတ်လုပ်မှု လုံးဝကင်းစင်ရေး အစီအစဉ်အရ ထိုင်းနိုင်ငံကို အခုလို ကူညီပေးခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ နျူကလီးယားဓါတ်အားပေးစက်ရုံ မရှိသေးပေမယ့် ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမှာ ဆူနားမီးဒဏ်ကြောင့် နျူကလီးယား ဓါတ်အားပေးစက်ရုံ ပျက်ဆီးခဲ့ရတဲ့ဖြစ်စဉ်ကြောင့် ထိုင်းပြည်သူတွေအကြား နျူကလီးယားဓါတ်အားပေးစက်ရုံကို လိုလားမှု သိပ်မပြကြပါဘူး။

နျူကလီးယားဓါတ်အားပေးစက်ရုံအသစ် တည်ဆောက်နိုင်ရေးအတွက် အမေရိကန်က နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ ကူညီပံ့ပိုးပေးသွားမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ အခုဆောက်မယ့် နျူကလီးယားဓါတ်အားပေးစက်ရုံ အသေးစားမျိုးဟာ အရေးပေါ်အခြေအနေ ဖြစ်လာရင် လူကိုယ်တိုင် စက်ကိုပိတ်ပေးရတာမျိုး မလိုအပ်တဲ့အတွက် ပိုပြီးဘေးကင်းလုံခြုံမှု ရှိတယ်လို့ ဆိုပါတယ်။

အလားတူ နျူကလီးယားဓါတ်အားပေးစက်ရုံ အသေးစားမျိုးကို အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ ရုရှားနဲ့ အာဂျင်တီးနားတို့ကလည်း တည်ဆောက်နိုင်ဖို့ ကြိုးစားနေကြပြီး အခုချိန်မှာ ပုံစံအကြမ်းအဆင့်မှာဘဲ ရှိသေးတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG