သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MSF ဆေးရုံ တိုက်ခိုက်မှု သေဆုံး ဒဏ်ရာရသူများအတွက် နစ်နာကြေးပေးမည်


အမေရိကန်လေကြောင်းက မှားယွင်းတိုက်ခိုက်ခဲ့တဲ့ နယ်စည်းမထားဆရဝန်များအဖွဲ့ရဲ့ ဆေးရုံ။
အမေရိကန်လေကြောင်းက မှားယွင်းတိုက်ခိုက်ခဲ့တဲ့ နယ်စည်းမထားဆရဝန်များအဖွဲ့ရဲ့ ဆေးရုံ။

အာဖဂနစ္စတန် နိုင်ငံ Kunduz မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ဆေးရုံကို အမေရိကန်တိ့ု လေကြောင်းကနေ မှားယွင်းတိုက်ခိုက်မှုမှာ သေဆုံး၊ ဒဏ်ရာရသူတွေကို အမေရိကန်ပြည်ထောင်စုက နစ်နာကြေးပေးအပ်မှာ ဖြစ်ပါတယ်။

နစ်နာကြေးကို ဘယ်လောက်ပေးမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ Peter Cook က မနေ့ စနေနေ့က ပြောပါတယ်။ အမေရိကန်တို့ရဲ့ စစ်ဆင်ရေးတွေအတွင်း သေဆုံးဒဏ်ရာရကြတဲ့ တိုက်ခိုက်ရေးသမားမဟုတ်သူတွေရဲ့ အရပ်သား မိသားစုတွေကို နစ်နာကြေးပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆေးကုသမှုခံယူနေသူ ၁ဝ ဦး နဲ့ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ရဲ့ဝန်ထမ်း ၁၂ ဦးတို့ သေဆုံးခဲ့တယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့က ပြောဆိုထားပါတယ်။ လူနာ ၉ ဦးနဲ့ ဝန်ထမ်း ၂၄ ဦး စုစုပေါင်း ၃၃ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှု အပြီးမှာတော့ Kunduz မြို့က ဆေးကုသရေး လုပ်ငန်းတွေကို MSF က ရပ်ဆိုင်းလိုက်ပြီး တိုက်ခိုက်မှုကို ဂျီနီဗာ သဘောတူညီချက်တွေနဲ့အညီ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုထားပါတယ်။ အမေရိကန်၊ အာဖဂနစ္စတန်နဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO တို့ လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေက လုံလောက်မှု မရှိဘူးလို့ MSF က ပြောဆိုထားသလို အခု တိုက်ခိုက်မှုက စစ်ရာဇဝတ်မှု တခုလောက် ကြီးမားတယ်လို့လည်း ပြောဆိုနေတာဖြစ်ပါတယ်။

XS
SM
MD
LG