သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အာဏာပိုင်တွေအပေါ် ကန်ပြည်ဝင်ခွင့် ကန့်သတ်မည်


 Article 23 လို့ သိကြတဲ့ ဟောင်ကောင် လုံခြုံရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသူ
Article 23 လို့ သိကြတဲ့ ဟောင်ကောင် လုံခြုံရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသူ

ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တိုးမြှင့်ဖိနှိပ်နေမှုမှာ တာဝန်ရှိသူတွေအ‌ပေါ် အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးကန့်သတ်တင်းကြပ်တဲ့ လုံခြုံရေးဥပဒေသစ် ဟောင်ကောင်မှာ ထုတ်ပြန်ခဲ့ပြီး မကြာခင် အခုလို အရေးယူမှုတွေ လုပ်တော့မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဘယ်တာဝန်ရှိသူတွေကို ပစ်မှတ်ထား ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မှာလဲဆိုတာကိုတော့ အတိအကျ ဖော်ပြခြင်း မရှိသေးပါဘူး။

နိုင်ငံတော် အကြည်အညိုပျက်အောင်လုပ်မှု၊ လှို့ဝှက်ချက်ပေါက်ကြားမှုသာမက နိုင်ငံခြားသားတွေ၊ နိုင်ငံခြားလုပ်ငန်းတွေနဲ့ အဆက်အဆံရှိသူတွေကိုပါ အရေးယူနိုင်အောင် Article 23 လို့ သိကြတဲ့ လုံခြုံရေးဥပဒေကို လုပ်ထားတာကို ထောက်ပြထားပါတယ်။ ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ တရုတ်ပြည်မကြီးအစိုးရလက် ပြန်အပ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစလို့ တရုတ်အစိုးရ ကတိပေးထားတဲ့အတိုင်း လွတ်လပ်မှုတွေ ပေးထားရဲ့လားဆိုတာ အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်အမေရိကန်လွှတ်တော်ကို အစီရင်ခံစာ တင်ပြပါတယ်။ ဟောင်ကောင်မှာ လူထုအခြေပြုအဖွဲ့တွေ၊ သတင်းမီဒီယာတွေနဲ့ အတိုက်အခံတွေအပေါ် ဖိနှိပ်ဖမ်းဆီးနေရုံမက ပြည်ပရောက်နေကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်အောင်ပါ ဟောင်ကောင်အာဏာပိုင်တွေသာမက ပြည်မကြီးအစိုးရကပါ တိုးမြှင့်လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေပါတဲ့ ဒီနှစ် အစီရင်ခံစာမှာ မီးမောင်းထိုးပြထားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဟောင်ကောင်မှာ မကြာခင်က ပြဌာန်းခဲ့တဲ့ လုံခြုံရေးဥပဒေမှာ နိုင်ငံခြားသားတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ အဆက်အဆံလုပ်တဲ့နေရာမှာ တရားမဝင် ရည်ရွယ်ချက်တွေ၊ မလျော်ကန်တဲ့ နည်းတွေဖြစ်နေရင် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်တယ်လို့ ဥပဒေထဲမှာ ပါပါတယ်။

Forum

XS
SM
MD
LG