သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင်


လာမယ့် သီတင်းပတ်တွေအတွင်းမှာ အမေရိကန် ခေတ်မှီ ဒုံးကာကွယ်ရေး စနစ်တွေကို ပစိဖိတ်ဒေသမှာ ပြင်ဆင် ချထားဖို့ ရှိတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြော ပါတယ်။

မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်လာချေ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ကြိုတင် အစီအမံတရပ် ဖြစ်ပါတယ်။

အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်ကို အမေရိကန် ပြည်ထောင်စု ပိုက်နက်ဖြစ်တဲ့ Guam ကျွန်းမှာ အခြေတည်ထားမှာ ဖြစ်တယ်လို့ ပန်တဂွန် ပြောခွင့်ရ အမျိုးသမီးက မနေ့တုန်းက
ပြောပါတယ်။

Guam ကျွန်းမြေပုံ
Guam ကျွန်းမြေပုံ
Guam ကျွန်းဟာဆိုရင် ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ဘက် ကီလိုမီတာ ၃ ထောင် အဝေးမှာ တည်ရှိတာပါ။ အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်တွေကို ဘယ်တော့ စတင်ထားရှိမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယားအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့ တာကြောင့်၊ ဒေါသတကြီး ဖြစ်နေတဲ့ မြောက်ကိုရီးယား အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သီတင်းပတ် နဲ့ချီကြာ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်နေပါတယ်။

ဒီအချိန်မှာပဲ ပန်တဂွန်က အခုလို ကြေညာချက် ထွက်လာတာပါ။ အမေရိကန်
ပြည်ထောင်စုအပေါ်မှာ အမှန်တကယ် ပြင်းထန်ပြီး တန်ပြန်စစ်တွေ ဆင်နွဲှသွား မယ်လို့ မြောက်ကိုရီးယား စစ်တပ် ဗိုလ်ချုပ်ကြီး ပြောဆိုတာကို ကိုးကားပြီးတော့
မြောက်ကိုရီးယား အစိုးရပိုင် သတင်းတွေက အခု ကြာသာပတေးနေ့ အစောပိုင်း မှာ ကြေညာပါတယ်။

နောက်ဆုံးပေါ် ခေတ်မှီ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်ဆိုတာက လွဲပြီးတော့၊ အသေးစိတ်ကိုတော့ မကြေညာပါဘူး။ ဗုဒ္ဓဟူးနေ့တုန်းကတော့ ကိုရီးယား နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားဘက်ခြမ်းက ပူးတွဲ စက်မှုဇုန် ကို တောင်ကိုရီးယား လုပ်သားတွေ လက်ခံထားတာကို မြောက်ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့တုန်းက စပြီး တားမြစ် ပိတ်ပင်လိုက်ပါပြီ။ ဒါဟာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပူးပေါင်းဆက်ဆံမှု နောက်ဆုံး အခြေအနေကို ထိခိုက်သွားစေပါတယ်။
XS
SM
MD
LG